The network connection is lost.

Banner Image

ဘာကိုလာကို ဖလော်ရီယန်ဝစ်ဇ်ထက် မြန်မြန်ဆန်ဆန် အသားကျလာမယ့်သူလို့ ချီးကျူးလိုက်တဲ့ ဂျာမိန်းပင်းနန့်

လီဗာပူးတောင်ပံကစားသမားဟောင်းဂျာမိန်းပင်းနန့်က ဘာကိုလာကို ကလပ်အသင်းသစ်မှာ ဖလော်ရီယန်ဝစ်ဇ်ထက် ပိုမိုမြန်မြန်ဆန်ဆန် အသားကျသွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
 
လီဗာပူးက အခုနွေရာသီမှာ ဘာကိုလာကို အီဆက်နောက်ပိုင်း အမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၂၃ သန်းတန် သဘောတူညီမှုဖြင့် အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်တိုင် ဆွတ်ခူးဖူးထားတဲ့ အသသ
 
အသက် ၂၃ နှစ်သာ ရှိသေးပေမဲ့ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးဖူးထားတဲ့ ကစားသမားက အပြောင်းအရွှေ့တန်ဖိုးကြီးမားမှုရဲ့ဖိအားကို ရင်ဆိုင်နေရပြီး မြန်ဆန်ပြင်းထန်လှတဲ့ ကစားဟန်ကို အသုံးပြုလေ့ရှိသူ နည်းပြအီရာအိုလာရဲ့လီဗာပူးအသင်းမှာ ပူးပေါင်းပါဝင်ဖို့ ကြိုးပမ်းနေပါတယ်။

သူက အစ်ဆွစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံမှတဆင့် လီဗာပူးအတွက် ပွဲဦးထွက်ကို ပါဝင်ကစားခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့ပါတယ်။
 
ဂျာမိန်းပင်းနန့်ကတော့ ဒီပြင်သစ်ကစားသမားကို ဖလော်ရီယန်ဝစ်ဇ်ထက် ပိုမိုလျင်မြန်စွာ အသင်းမှာ အသားကျလာလိမ့်မယ်လို့ ပြောပါတယ်။
 
ပင်းနန့်က "ပရီးမီးယားလိဂ်ဆီရောက်ရှိလာတဲ့ကစားသမားတိုင်း သူတို့ရဲ့ကစားဟန်နဲ့ ကိုက်ညီအောင် ကွဲပြားစွာ အသားကျဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်"
 
"အခြားဥရောပလိဂ်တွေက ပရီးမီးယားလိဂ်လောက် ပြိုင်ဆိုင်မှု မပြင်းထန်ပါဘူး။ ဒါပေမဲ့ ဘာကိုလာရဲ့ကစားပုံကို ကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ်နဲ့ကိုက်ညီတဲ့ ပုံစံမျိုး ရှိပါတယ်။ သူက မြန်ဆန်သလို သူ့ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံအရလည်း အတော်လေးသန်မာလို့ ပရီးမီးယားလိဂ်မှာ တာဝေးခရီးအထိ သွားနိုင်ပါလိမ့်မယ်"
 
"ကျွန်တော်လည်း မြန်ဆန်ခဲ့ပေမဲ့ အသန်မာဆုံးတော့ မဟုတ်ခဲ့ပါဘူး၊ ဒါပေမဲ့ အဆင်ပြေခဲ့ပါတယ်။ ကျွန်တော့်တစ်ဘဝလုံး ပရီးမီးယားလိဂ်မှာ ကစားခဲ့တာပါ"
 
"သူက ဖလော်ရီယန်ဝစ်ဇ်ထက် ပိုပြီးမြန်မြန်ဆန်ဆန် အသားကျလိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ဖလော်ရီယန်ဝစ်ဇ်ကစားရတဲ့ ကွင်းလယ်ပိုင်းနေရာမှာ လူကောင်ကြီးမားပြီး ခပ်ကြမ်းကြမ်းကစားတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရလို့ပါ။ ကွင်းလယ်ပိုင်းဆိုတာ တကယ့်ကို ခက်ခက်ခဲခဲကစားရတဲ့နေရာ ဖြစ်ပါတယ်။ တောင်ပံတွေမှာတော့ ပုံစံ အနည်းငယ်ကွဲပြားပြီး ကွင်းလယ်လောက် မကြမ်းပါဘူး။ ဘာကိုလာကစားခဲ့တဲ့ပွဲစဉ်တချို့မှာ ခြေစွမ်းပြသနိုင်တယ်ဆိုတာကို ကြည့်ရင် သူ တကယ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ သုံးသပ်ပါတယ်။
 
ဘာကိုလာက အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာ ပွဲချိန်တစ်နာရီနီးပါး ပါဝင်ကစားခဲ့ပြီး ကြွက်တက်မှုနဲ့အတူ လူစားလဲလှယ်မှု ခံယူခဲ့ပါတယ်။ ပရိသတ်တွေကတော့ အခုညပိုင်း၊ ဖူလ်ဟမ်နဲ့ပွဲစဉ်မတိုင်ခင်ဘာကိုလာဟာ အက်သလက်တီကိုနဲ့ပွဲစဉ်မှာ ဘာကိုလာ ပါဝင်ကစားနိုင်မလားဆိုတာ သိရဖို့ စောင့်ဆိုင်းနေကြပါတယ်။