မစ်လန်းနိုင်းစ်ရဲ့နောက်ကျချေပဂိုးကြောင့် သရေတစ်မှတ်သာရခဲ့တဲ့ ယူနိုက်တက်
အဲဗာတန် ၂ - ၂ ယူနိုက်တက် (ပွဲပြီးရလဒ်)
ယူနိုက်တက်အသင်းက ဒီပွဲမှာ ကစားသမားအင်အားနည်းနေတဲ့ အဲဗာတန်ကို အသည်းအသန်ကစားခဲ့ရပြီး ဆက်စ်ကိုရဲ့ဂိုးနဲ့ အနိုင်ရပြီလို့ ထင်မှတ်ခဲ့ပေမဲ့ အာဆင်နယ်ကစားသမားဟောင်း မစ်လန်းနိုင်းစ်ရဲ့လှပတဲ့ အဝေးကန်ချက်ကြောင့် အဝေးကွင်းမှာ သရေတစ်မှတ်သာရခဲ့ပါတယ်။
ယနေ့ညပွဲစဉ်အတွင်း အဲဗာတန်က အခွင့်အရေးပိုရခဲ့ပေမဲ့ တိုက်စစ်အားနည်းမှုနဲ့အတူ အဆုံးသတ်ပိုင်းလိုအပ်ချက်တွေကြောင့် ဂိုးအဖြစ်ပြောင်းလဲနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။
ယူနိုက်တက်ကတော့ အစ်ဆွစ်နဲ့ပွဲမှာ တိုက်စစ်အစွမ်းပြပြီး ပြန်လာပြီလို့ ထင်မှတ်ခဲ့ပေမဲ့ ယနေ့ညပွဲမှာတော့ ကစားပုံအတော်လေး အားနည်းခဲ့ပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။