ဘာကိုလာကို ပေါင် သန်း ၁၂၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ လီဗာပူး
လီဗာပူးအသင်းက ပီအက်စ်ဂျီတောင်ပံကစားသမား ဘရက်ဒလေဘာကိုလာကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ + အပိုဆုကြေး ပေါင် သန်း၂၀နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်ကစားသမားက ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲကတည်းက လီဗာပူးရဲ့ ကာလရှည်ပစ်မှတ်တစ်ခု ဖြစ်နေခဲ့ပါတယ်။
အသင်းနှစ်ခုအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေချိန် ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ရာသီအစပဲွစဉ်တွေကနေ ဘာကိုလာကို ချန်လှပ်ထားခဲ့ပါတယ်။
ဘာကိုလာကလည်း ဒီလအစောပိုင်းတုန်းကတည်းက လီဗာပူးနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိထားပြီးဖြစ်တယ်လို့ နားလည်ရပါတယ်။
အပြောင်းအရွှေ့ အသေးစိတ်အချက်အလက်တွေကို အပြီးသတ် ဆောင်ရွက်နေရတာကြောင့် ဘာကိုလာက သြဂုတ်လ ၂၉ ရက်နေ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားမှာ မဟုတ်ဘူးလို့ သိရပါတယ်။