ဒဏ်ရာကြောင့် ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားဗိုလ်လုပွဲကို လွဲချော်မယ့် မန်ဇမ်ဘီ
အက်စတွန်ဗီလာကစားသမားသစ်ဂျိုဟန်မန်ဇမ်ဘီက လတ်တလောရရှိထားတဲ့ ဒူးဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဥရောပစူပါဖလားဗိုလ်လုပွဲကို လွဲချော်မယ်လို့ သိရပါတယ်။
ဖရိုင်းဘတ်အသင်းမှ ပေါင် ၅၉ ဒဿမ ၅ သန်းဖြင့် ပြောင်းရွှေ့လာပြီး အက်စတွန်ဗီလာအသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ အသက် ၂၀ နှစ်အရွယ်ဘောလုံးကြယ်ပွင့်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွစ်ဇာလန်အသင်းအတွက် ပါဝင်ကစားပေးရင်း ဒူးဒဏ်ရာ ရရှိခဲ့ပါတယ်။
The Athletic ရဲ့ဖော်ပြချက်အရ မန်ဇမ်ဘီ ဘောလုံးပြန်ကစားနိုင်မယ့်အချိန်ကို အတိအကျ မသိရသေးဘဲ လတ်တလောမှာတော့ စပိန်နိုင်ငံရဲ့ ဒူးအထူးကုဆရာဝန်ကြီး Jurdan Mendiguchia လက်အောက် ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဒီကွင်းလယ်လူရဲ့ဒဏ်ရာအခြေအနေက တိုးတက်မှုရှိနေပေမဲ့ လာမယ့်သြဂုတ် ၁၂ ရက်၊ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားဗိုလ်လုပွဲကိုတော့ လွဲချော်ဖို့ သေချာသလောက် ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ သူပြန်လာနိုင်ဖို့ လနဲ့ချီ မစောင့်ဆိုင်းရဘဲ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်းမှာတင် အသင်းနဲ့ ပူးပေါင်းနိုင်လိမ့်မယ်လို့ အက်စတွန်ဗီလအသင်းဆေးအဖွဲ့က ယုံကြည်နေပါတယ်။