The network connection is lost.

Banner Image

လီဗာပူးမှာ မဆုံတွေ့ခဲ့ပေမဲ့ ဂျာမနီအသင်းမှာ ယာဂန်ကလော့ပ်နဲ့ လက်တွဲရမယ့်ကိစ္စအတွက် စိတ်လှုပ်ရှားနေတဲ့ ဖလော်ရီယန်ဝစ်ဇ်

ဖလော်ရီယန်ဝစ်ဇ်နဲ့ ယာဂန်ကလော့ပ်တို့က လီဗာပူးအသင်းမှာ အလုပ်တွဲလုပ်ဖို့ အခွင့်အရေး မရခဲ့ကြပေမဲ့ လာမယ့်စက်တင်ဘာလ၊ ဂျာမနီအသင်းရဲ့ပွဲစဉ်တွေမှာတော့ ဆုံတွေ့သွားကြပါလိမ့်မယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၂ သင်းရှုံးထွက်အဆင့်မှ ထွက်ခွါလာရပြီးနောက် ဂျာမနီလက်ရွေးစင်အသင်းနည်းပြရာထူးကို နာဂယ်စ်မန်း စွန့်လွှတ်သွားလို့ သူ့ရဲ့နေရာမှာ ကလော့ပ်က နည်းပြသစ် ဖြစ်လာပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ကိုလည်း ကလော့ပ်ရဲ့စီမံကိန်းမှာ အရေးပါသူဖြစ်လာလိမ့်မယ်လို့ အများက မျှော်လင့်နေကြပါတယ်။

အန်းစလော့လက်အောက် ၂၀၂၅ ခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် လီဗာပူးအသင်းက ဖလော်ရီယန်ဝစ်ဇ်ကို လေဗာကူဆင်မှ ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ဖလော်ရီယန်ဝစ်ဇ်က အသင်းအတွက် ကြီးမားတဲ့ သက်ရောက်မှုတစ်ခု မပြသနိုင်ခဲ့ပါဘူး။ 

ဖလော်ရီယန်ဝစ်ဇ်ရဲ့ အန်ဖီးလ်ကစားသမားဘ၀ ပထမဆုံးရာသီမှာ ကလော့ပ်က သူ့ကို အမြဲကာကွယ်ပြောဆိုပေးခဲ့သလို ဖလော်ရီယန်ဝစ်ဇ်ရဲ့ကမ္ဘာ့အဆင့်အရည်အသွေးကိုလည်း သံသယမရှိဘူးဆိုတာ ပြသခဲ့ပါတယ်။ အခုတော့ ကလပ်အသင်းအဆင့်မှာ အတူလက်တွဲခွင့် မရရှိခဲ့ပေမဲ့ လက်ရွေးစင်အသင်းမှာတော့ ဖလော်ရီယန်ဝစ်ဇ်အတွက် အခန်းကဏ္ဍသစ်တစ်ခု စောင့်ကြိုနေပါပြီ။

"ကျွန်တော် သူနဲ့ စကားမပြောရသေးပါဘူး။ ဒါပေမဲ့ အသင်းမှာရှိသူအတော်များများက သူ့အကြောင်း ပြောပြကြပါတယ်။ ကလော့ပ်က တကယ့်ကို လူကြီးလူကောင်းတစ်ဦးလို့ သိရပါတယ်။ လီဗာပူးအသင်းတစ်ခုလုံးလည်း သူ့ကို ချစ်ကြပါတယ်။ ဒါကြောင့် နောက်လကျရင် သူနဲ့ဆုံရမယ့်ကိစ္စကို ကျွန်တော် တကယ်ပဲ ရင်ခုန်နေရပါတယ်" လို့ ဖလော်ရီယန်ဝစ်ဇ်က ဆိုပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းနည်းပြအဖြစ် ယာဂန်ကလော့ပ်ရဲ့ပွဲဦးထွက်ပွဲစဉ်တွေကို လာမယ့်စက်တင်ဘာ ၂၄ ရက်နဲ့ ၂၇ ရက်တို့မှာ မြင်တွေ့ရပါမယ်။ အဲ့ဒီပွဲစဉ်တွေကတော့ နေးရှင်းလိဂ်ပွဲစဉ်တွေဖြစ်ပြီး နယ်သာလန်၊ ဂရိတို့နဲ့ ယှဉ်ပြိုင်သွားရပါမယ်။