The network connection is lost.

Banner Image

ခွဲစိတ်မှုအပြီး မူစီယာလာ ဘောလုံးပြန်ကစားနိုင်မယ့်အချိန်ဇယား ထွက်ပေါ်လာ

ဂျာမနီအသင်းရဲ့ စိတ်ပျက်စရာကမ္ဘာ့ဖလားခရီးစဉ်အပြီး မူစီယာလာက ယမန်နှစ်ဒဏ်ရာကြောင့် ခြေထောက်မှာထည့်ထားခဲ့ရတဲ့ သံပြားကို ပြန်ထုတ်ဖို့အတွက် ခွဲစိတ်မှု ခံယူခဲ့ပါတယ်။

အခုလိုခွဲစိတ်မှုနဲ့အတူ အသက် ၂၃ နှစ်အရွယ်ကစားသမားက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုအစပိုင်းတွေကို လွဲချော်သွားပါတော့မယ်။ ဒါပေမဲ့ အခုလိုခွဲစိတ်မှုကြောင့် ပြီးခဲ့တဲ့ရာသီတလျှောက်လုံး သူ့ကို ဒုက္ခပေးခဲ့တဲ့ ခြေထောက်ဒဏ်ရာက ရေရှည်ပြဿနာတွေ မပေါ်ပေါက်လာစေဖို့ သေချာသွားစေပါတယ်။

Kicker သတင်းဌာနရဲ့ဖော်ပြချက်အရ မူစီယာလာကိုယ်တိုင် ဆောင်းရာသီအားလပ်ရက်အထိ မစောင့်တော့ဘဲ အခုအချိန်မှာတင် ခွဲစိတ်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်းတွေအရ မူစီယာလာရဲ့ရည်မှန်းချက်က သြဂုတ် ၈ ရက်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ဖြစ်ပြီး သြဂုတ် ၂၂ ရက်၊ Signal Iduna Park ကွင်းမှာ ကစားမယ့် ဒေါ့မွန်နဲ့ ဂျာမန်စူပါဖလားအဖွင့်ပွဲစဉ်အမီ ပြန်ပါဝင်နိုင်ဖို့ ဖြစ်ပါတယ်။

ဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒက်စ်လီဂါရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၈ ရက်မှာ စတုဂတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။

လတ်တလောမှာ မူစီယာလာက မြူးနစ်မြို့ရှိ လေ့ကျင့်ရေးကွင်းမှာ ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားပါမယ်။ သူက အားလပ်ရက်အနည်းငယ် ထပ်ရထားလို့  ဇူလိုင် ၃၁ ရက်မှာ လေ့ကျင့်ရေးတွေ ပြန်လည်စတင်နိုင်မယ်လို့ မျှော်မှန်းရပါတယ်။