The network connection is lost.

Banner Image

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားလက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်သွားတဲ့ ရှလော့တာဘတ်ချ်

အိုင်ဗရီကို့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ဂျာမနီအသင်းရဲ့ကမ္ဘာ့ဖလားပွဲစဉ်အတွင်း ဒဏ်ရာရရှိမှုကြောင့်  လက်ကျန်ပွဲစဉ်အားလုံးနဲ့ ရှလော့တာဘတ်ချ် လွဲချော်သွားပြီလို့ သတင်းတွေအရ သိရပါတယ်။

ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး ဒဏ်ရာကြောင့် ရှလော့တာဘတ်ချ် ကွင်းပြင်ထွက်ခဲ့ရသလို ဂျာမနီအသင်းမှာလည်း ဒဏ်ရာပြဿနာစိုးရိမ်မှုနဲ့ ရင်ဆိုင်လာရပါတယ်။

Sky Germany နဲ့ Bild တို့ရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းနောက်ခံလူက ဂျာမနီအသင်းရဲ့လက်ကျန်ကမ္ဘာ့ဖလားပွဲစဉ်အားလုံးကို လွဲချော်သွားတော့မယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားက ဘယ်ခြေကျင်းဝတ်အရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပြီး နှစ်လဝန်းကျင်ခန့်အထိ အနားယူရနို်ငပါတယ်။

အိုင်ဗရီကို့စ်နဲ့ပွဲစဉ်မှာ ရှလော့တာဘတ်ချ်ရဲ့နေရာကို ရူဒီဂါ ဝင်ရောက်ကစားခဲ့ပြီး ဂျာမနီအသင်းရဲ့ကမ္ဘာ့ဖလားလက်ကျန်ပွဲစဉ်တွေကို ရီးရဲလ်မက်ဒရစ်ခံစစ်မှူးနဲ့အတူ ဂျိုနသန်တာ ပွဲထွက်ကစားလာဖို့ ရှိနေပါတယ်။

အုပ်စု (E) ရဲ့ ပထမနေရာကို သေချာပေါက်ရယူထားနိုင်တဲ့ ဂျာမနီအသင်းက ကြာသပတေးနေ့မှာ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်အဖြစ် အီကွေဒေါအသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။