The network connection is lost.

Banner Image

ဖီဖာရဲ့နောက်ထပ်အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တစ်ခုနဲ့အတူ ဒီနွေရာသီကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ဦးမယ့် ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလိုပဲ အခုနွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆုဖလားကိုင်မြှောက်သွားဖို့ ရှိနေပါတယ်။

ထရမ့်က သူ့ရဲ့ အသက် ၈၀ ပြည့်မွေးနေ့နဲ့ အမေရိကန်ပြည်ထောင်စုတည်ထောင်မှု နှစ် ၂၅၀ ပြည့် နှစ်ပတ်လည်အခမ်းအနားကို တနင်္ဂနွေနေ့၊ အိမ်ဖြူတော်မြက်ခင်းပြင်မှာ UFC ပွဲစဉ်တစ်ခုနဲ့အတူ ကျင်းပခဲ့ပြီး ပါရာဂွေးကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အမေရိကန်အသင်းရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အစား အိမ်ဖြူတော်မြက်ခင်းပြင်မှာပဲ ရှိနေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ထရမ့်က ချဲလ်ဆီးအသင်းခေါင်းဆောင်ရီစီဂျိမ်းစ် ဆုဖလားကိုင်မြှောက်ချိန် အနီးအနားမှာ အတူရှိနေခဲ့ပြီး တကယ့်ကိုအနေခက်စရာအခိုက်အတန့်အဖြစ် လူမှုကွန်ရက်ပေါ် ပျံ့နှံသွားခဲ့ပါတယ်။

ချဲလ်ဆီးကြယ်ပွင့်ပယ်လ်မာက " ဒီပွဲစဉ်ဆီ ဒေါ်နယ်ထရမ့်တက်ရောက်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဆုဖလားကိုင်မြှောက်ချိန် စင်မြင့်ပေါ်အထိ ရောက်လာမယ်လို့တော့ မထင်ထားပါဘူး။ ဟုတ်ပါတယ်၊ ကျွန်တော် နည်းနည်းတော့ ဇဝေဇဝါ ဖြစ်သွားခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

လတ်တလော သတင်းထောက်ဘင်ဂျက်ကော့ဘ်ရဲ့အဆိုအရ ထရမ့်က ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း ချန်ပီယံဖြစ်လာမယ့်အသင်းနဲ့အတူ ဆုဖလားပူးတွဲကိုင်မြှောက်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

"အထူးသတင်း - ဒေါ်နယ်ထရမ့်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလိုပဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အနိုင်ရရှိတဲ့ အသင်းနဲ့အတူ ဆုဖလားပူးတွဲကိုင်မြှောက်ဖို့အတွက် အခွင့်အရေး ရရှိလာပါလိမ့်မယ်"

"ထရမ့်က ဇူလိုင် ၁၉ ရက်၊ MetLife အားကစားကွင်းမှာကျင်းပမယ့် ဗိုလ်လုပွဲမှာ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုနဲ့အတူ ၂၀၂၆ ချန်ပီယံအသင်းကို ဆုဖလားပေးအပ်ချီးမြှင့်ပါလိမ့်မယ်"လို့ ဘင်ဂျက်ကော့ဘ်က ရေးသားဖော်ပြပါတယ်။

The Mirror သတင်းစာဖော်ပြချက်အရ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတာဝန်ရှိသူတွေကိုလည်း ပိတ်ပွဲအခမ်းအနားဆီ တက်ရောက်ဖို့ ဖိတ်ကြားသွားမှာဖြစ်ပြီး ထရမ့်ရဲ့အငြင်းပွားစရာ ဆုဖလားကိုင်မြှောက်မယ့်အစီအစဉ်ကို အပြောင်းအလဲပြုလုပ်ပေးဖို့ ပရိသတ်တွေကိုယ်တိုင် တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

အိမ်ဖြူတော်သတင်းရင်းမြစ်တွေရဲ့အဆိုအရ ကမ္ဘာ့ဖလားပွဲစဉ်အချို့ကို ထရမ့်တက်ရောက်ကြည့်ရှုဖို့ရှိပေမဲ့ အခုအချိန်အထိတော့ ဘောလုံးကွင်းတွေမှာ အမေရိကန်သမ္မတကို မမြင်တွေ့ရသေးပါဘူး။ အမေရိကန်အသင်းက လာမယ့်သောကြာနေ့(ဇွန် ၁၉ ရက်)မှာ ဩစတြေးလျအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။