The network connection is lost.

Banner Image

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရှုံးနိမ့်မှုကြောင့် နာကျင်နေရဆဲပဲလို့ ဆာကာ ဝန်ခံ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်အဆင့်မှာ နာကျင်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်ကစားသမားတွေအတွက် စိတ်ဒဏ်ရာတစ်ခု ကျန်ရှိနေဆဲပဲလို့ ဆာကာ ယုံကြည်နေပါတယ်။
 
အတ္တလန်တာမြို့မှာ မက်ဆီရဲ့အာဂျင်တီးနားအသင်းကို ပွဲချိန်နှောင်းပိုင်းပေးဂိုးတွေနဲ့အတူ နာကျင်ဖွယ်ရှုံးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး သီတင်းကိုးပတ်အကြာမှာပဲ အင်္ဂလန်အသင်းက စက်တင်ဘာ ၂၆ ရက်၊ ဝင်ဘာလေကွင်းမှာ ကမ္ဘာ့ဖလားချန်ပီယံစပိန်ကို ဧည့်ခံကစားရင်း နေရှင်းလိဂ်ပြိုင်ပွဲခရီးစဉ်ကို စတင်သွားပါတော့မယ်။

အင်္ဂလန်အသင်းက တတိယနေရာလုပွဲမှာတော့ ဆာကာရဲ့ဟက်ထရစ်သွင်းဂိုးနဲ့အတူ ပြင်သစ်ကို ၆-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
 
ဒါပေမဲ့ အသက် ၂၅ နှစ်အရွယ်ဂန်းနားတောင်ပံကစားသမားကတော့ ၁၉၆၆ ခုနှစ်နောက်ပိုင်း၊ အမိမြေအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို မဆောင်ကျဉ်းနိုင်ခဲ့လို့ နာကျင်မှုတွေ အလွန်နက်ရှိုင်းနေဆဲပဲလို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။
 
"သေချာတာကတော့ ကျွန်တော်တို့ဆီမှာ အမာရွတ်တစ်ခု ကျန်ရှိနေပါပြီ" လို့ ဗုဒ္ဓဟူးနေ့မှာ ဆာကာက BBC ကို ပြောပါတယ်။ "ကျွန်တော်တို့တင်မက တစ်နိုင်ငံလုံးပါ ယုံကြည်ခဲ့ကြပြီး လူတိုင်း စည်းလုံးညီညွတ်စွာနဲ့ ကျွန်တော်တို့ လုပ်နိုင်တယ်လို့ ယုံကြည်မှု အပြည့်ရှိနေခဲ့ကြချိန်မှာပေါ့"
 
"အခုတော့ ကျွန်တော်တို့ အဲဒီအရာကို အဆုံးသတ်ပြီး အသစ်စတင်မယ့် နိုင်ငံတကာပွဲစဉ်တွေနဲ့အတူ နောက်ထပ်ရောက်လာမယ့်အရာတွေအပေါ် အာရုံစိုက်ဖို့ ကြိုးစားနေကြပါတယ်"
 
"တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်ရှေ့ဆက်ဖို့ ကြိုးစားပေမဲ့ သိတဲ့အတိုင်းပါပဲ၊ အမာရွတ်ဆိုတာ အမာရွတ်ပါပဲ။ သူ့အလိုလို သက်သာပျောက်ကင်းသွားမှသာ အနာရှိန်သက်သာသွားပါလိမ့်မယ်"
 
"ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့ နိုင်ငံတကာရာသီသစ်တစ်ခုဆီ ရောက်ရှိလာခဲ့ပြီး နေရှင်းလိဂ်မှာ အုပ်စုအဆင့်ကျော်ဖြတ်နိုင်ဖို့အတွက် ခက်ခဲတဲ့ပွဲစဉ်လေးခု စောင့်ကြိုနေပါတယ်။ ဒါကိုပဲ အပြည့်အ၀ အာရုံစိုက်ထားပါတယ်" လို့ ဆက်ပြောပါတယ်။
 
အင်္ဂလန်က လာမယ့် ယူရို-၂၀၂၈ ပြိုင်ပွဲကို စကော့တလန်၊ ဝေးလ်၊ အိုင်ယာလန်တို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားပါလိမ့်မယ်။