ရီးရဲလ်မက်ဒရစ်နဲ့ဆွေးနွေးမှုတွေကို လနဲ့ချီကြာမြင့်စွာ ပြုလုပ်ထားတဲ့ ချဲလ်ဆီးကွင်းလယ်လူအန်ဇိုဖာနန်ဒက်ဇ်
ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့ဧပြီလကတည်းက အန်ဇိုဖာနန်ဒက်ဇ်နဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တယ်လို့ သတင်းတွေအရ သိရပြီး ဒီချဲလ်ဆီးကွင်းလယ်လူကိုယ်တိုင်လည်း အသင်းဖော်ဟောင်းကူကူရယ်လာနဲ့အတူ မက်ဒရစ်မြေမှာ လာရောက်ပူးပေါင်းဖို့ ဆန္ဒရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက မော်ရင်ဟိုရဲ့ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အသက် ၂၇ နှစ်အရွယ်နောက်ခံလူကူကူရယ်လာကို ချဲလ်ဆီးအသင်းမှ ယူရိုသန်း ၆၀ တန်အပြောင်းအရွှေ့သဘောတူညီမှုဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။
အလားတူ အန်ဇိုဖာနန်ဒက်ဇ်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ရာသီကာလအများစုကတည်းကပင် စပိန်ကလပ်အသင်းကြီးနဲ့ သတင်းတွေထွက်ပေါ်ခဲ့သလို အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ လိုလားနေတယ်လို့ သိရပါတယ်။ယ်။
အန်ဇိုဖာနန်ဒက်ဇ်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပြောကြားချက်တွေကြောင့် ချဲလ်ဆီးနည်းပြဟောင်းရိုဆင်နီယာရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။
ESPN Argentina ရဲ့ဖော်ပြချက်အရ အသက် ၂၅ နှစ်အရွယ်ကစားသမားရဲ့ကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့ဧပြီလကတည်းကပင် မော်ရင်ဟိုရဲ့အသင်းနဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းက ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အာဂျင်တီးနားလက်ရွေးစင်ကစားသမားကို ပေါင်သန်း ၁၂၀ အထိ တန်ကြေးသတ်မှတ်ထားပြီး အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုအပို်ငးမှာတော့ ပြဿနာမရှိနိုင်ဘူးလို့ မျှော်လင့်ရပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်က ချဲလ်ဆီးတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပေးချေဖို့ ဆန္ဒရှိ၊ မရှိ ဆက်လက်စောင့်ကြည့်သွားရပါမယ်။