The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမတိုင်ခင် အင်္ဂလန်ကြယ်ပွင့်ဆာကာအတွက် သတိထားပေးကြဖို့ တိုက်တွန်းလိုက်တဲ့ တူချယ်

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ကမ္ဘာ့ဖလားအတွက် ပြင်ဆင်နေချိန်အတွင်း တောင်ပံကစားသမားဆာကာရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ သတိထားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်အသင်းက ကော်စတာရီကာအသင်းနဲ့ ခြေစမ်းပြီးနောက် လာမယ့်သီတင်းပတ်၊ ဗုဒ္ဓဟူးနေ့(ဇွန် ၁၅ ရက်)မှာ ခရိုအေးရှားအသင်းနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ် စတင်ယှဉ်ပြိုင်ကစားရပါမယ်။

လတ်တလောမှာတော့ တူချယ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အာဆင်နယ်ကစားသမားတွေကို ပြန်လည်အသုံးပြုခွင့် ရရှိထားပါတယ်။

ကော်စတာရီကာနဲ့ ခြေစမ်းပွဲမတိုင်ခင် တူချယ်က ဒီကလန်ရိုက်စ်၊ မာဒူကီနဲ့ အီဇီတို့သုံးဦးလုံး ကြံ့ခိုင်မှုအပြည့်ရှိနေကြပေမဲ့ ဆာကာကိုတော့ အနည်းငယ်စောင့်ကြည့်သွားရမယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ပြီးခဲ့တဲ့မတ်လ၊ စခန်းသွင်းလေ့ကျင့်ချိန်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကို ကလပ်အသင်းပွဲစဉ်တွေပြီးဆုံးချိန်အထိ သယ်ဆောင်သွားခဲ့တဲ့ ဆာကာနဲ့ပတ်သက်လို့ ကျွန်တော်တို့ နည်းနည်းတော့ ဂရုစိုက်သွားရပါမယ်" လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

"သူက ရာသီပိတ်ကာလတွေအထိ ပါဝင်ကစားနိုင်ခဲ့သလို တကယ်ကို ကောင်းမွန်စွာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစဉ်တစ်ခုနဲ့တစ်ခုအကြား သူ့ရဲ့ကြံ့ခိုင်မှုကို ထိန်းသိမ်းခဲ့ရပြီး အခုအချိန်အထိလည်း အဲဒီအခြေအနေမှာ ဆက်ရှိနေလို့ သူ့ရဲ့ကြံ့ခိုင်မှုကို တဖြည်းဖြည်းမြှင့်တင်နေရပါတယ်"

"မာဒူကီ၊ ဒီကလန်ရိုက်စ်နဲ့ အီဇီတို့ကတော့ ၁၀၀ ရာခိုင်နှုန်း ပါဝင်ကစားနိုင်တဲ့ အခြေအနေမှာ ရှိနေကြပါတယ်" လို့ ဆိုပါတယ်။