ကမ္ဘာ့ဖလားမတိုင်ခင် နေမာရဲ့ဒဏ်ရာနောက်ဆုံးအခြေအနေကို ဘရာဇီးအသင်းထုတ်ပြန်အသိပေး
ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ရက်ပိုင်းအလိုမှာပဲ နေမာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ကစားသမားက နိုင်ငံ့လက်ရွေးစင်အသင်းနဲ့ သုံးနှစ်နီးပါးကြာ ကွာဝေးခဲ့ပြီးနောက် အခုနွေရာသီပြိုင်ပွဲကြီးအတွက် ဘရာဇီးအသင်းမှာ စိတ်လှုပ်ရှားဖွယ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။
လတ်တလော နေမာမှာ ခြေသလုံးကြွက်သားဒဏ်ရာ ရှိနေပေမဲ့ နည်းပြအန်ဆယ်လော့တီကတော့ ဆန်းတို့စ်တိုက်စစ်မှူးကို သူ့ရဲ့ကမ္ဘာ့ဖလားအစီအစဉ်မှာ ထည့်သွင်းထားတယ်လို့ အတည်ပြုခဲ့ပါတယ်။
လက်ရှိ နေမာရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က " တနင်္လာနေ့မှာ နေမာကို MRI ရိုက်ခဲ့ပြီး စစ်ဆေးမှုတွေအရ သူ့ရဲ့ကုသမှုပိုင်းဆိုင်ရာလုပ်ငန်းစဉ်မှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရှိနေပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပါပဲ"
"သူက ဘရာဇီးအမျိုးသားလက်ရွေးစင်အသင်း၊ ဆေးဘက်ဆိုင်ရာကော်မတီမှ စီစဉ်ထားတဲ့ ပြန်လည်ကြံ့ခိုင်သန်စွမ်းရေးလုပ်ငန်းစဉ်တွေအတိုင်း ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်" လို့ ထုတ်ပြန်ခဲ့ပါတယ်။