The network connection is lost.

Banner Image

ဘရိုက်တန်ဆီ ပြောင်းရွှေ့သွားပြီးနောက် ယိုဟန်နာဆီ နှုတ်ဆက်စကားဆိုခဲ့တဲ့ AIK စတော့ဟုမ်းစ်အသင်း

ဆွီဒင်ကလပ် AIK စတော့ဟုမ်းအသင်းက ပရီးမီးယားလိဂ်ကလပ်ဘရိုက်တန်အသင်းဆီ ပြောင်းရွှေ့သွားတဲ့ ယိုဟန်နာဆီ လှိုက်လှိုက်လှဲလှဲနှုတ်ဆက်စကားပါးလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ်တောင်ပံကစားသမားဟာ ဘရိုက်တန်အသင်းနဲ့အတူ ၂၀၃၁ ခုနှစ် ဇွန်လအထိ ရှိနေမယ့် ၅ နှစ်သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဒီနိုင်ဂျီးရီးယားကြယ်ပွင့်လေးက ပြီးခဲ့တဲ့ရာသီ၊ ဆွီဒင်ထိပ်တန်းလိဂ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ဥရောပရဲ့စိတ်ဝင်စားစရာအကောင်းဆုံးလူငယ်ကစားသမားတွေအနက် တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

AIK စတော့ဟုမ်းစ်အသင်းရဲ့ကစားသမားသစ်စုဆောင်းရေးအဖွဲ့အကြီးအကဲ မီကာတာကူလာက ယိုဟန်နာရဲ့တိုးတက်လာမှုအပေါ် ချီးကျူးခဲ့ပြီး ကလပ်အသင်းအတွက် ကစားသမားရဲ့ပေးဆပ်ခဲ့မှုတွေကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

"ယိုဟန်နာနဲ့အတူ အလုပ်လုပ်ခွင့်ရခဲ့တယ်ဆိုတာ တကယ်ကိုဂုဏ်ယူစရာကောင်းပါတယ်။ ရှေ့လျှောက်ဖြတ်သန်းရမယ့် သူ့ရဲ့ကစားသမားဘဝကို စောင့်ကြည့်သွားဖို့အတွက် စိတ်လှုပ်ရှားနေသလို ကလပ်အသင်းတစ်ခုလုံးကိုယ်စား သူ့ရဲ့အနာဂတ်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့ တာကူလာက ကလပ်အသင်းတရားဝင်ဝက်ဘ်ဆိုက်ဆီ ပြောကြားခဲ့ပါတယ်။

"ဒါ့အပြင် ဒီအပြောင်းအရွှေ့က ကလပ်အသင်းရဲ့လမ်းကြောင်းအသစ်ပြောင်းလဲမှုတွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့အစီအစဉ်တွေရဲ့ ရလဒ်တစ်ခုဖြစ်တယ်ဆိုတာကို ရှင်းလင်းပြောကြားလိုပါတယ်။ ဒါက  ကျွန်တော်တို့ချမှတ်ထားတဲ့စီမံကိန်းတွေနဲ့ အပြည့်အဝကိုက်ညီမှုရှိသလို ဆက်လက်ပြီးလည်း အကောင်အထည်ဖော်သွားပါမယ်။"

"ဒီနေရာမှာ ကလပ်အသင်းရွေးချယ်မှုကလည်း အရေးကြီးပြီး ဘရိုက်တန်အသင်းက ယိုဟန်နာအတွက်ရော ရေရှည်မှာ AIK စတော့ဟုမ်းစ်အသင်းအတွက်ပါ အကျိုးရှိစေမယ့် ဖွံ့ဖြိုးတိုးတက်မှု ပတ်ဝန်းကျင်ကောင်းကို ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့မျှော်မှန်းချက်တွေနဲ့ အဲဒီမျှော်မှန်းချက်အပေါ်အခြေခံပြီး လုပ်ဆောင်နေတဲ့ နည်းဗျူဟာတွေကတော့ အပြောင်းအလဲမရှိပါဘူး" လို့ သူက ဆိုပါတယ်။