ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် အာဆင်နယ်ကြယ်ပွင့်မာဂယ်ဟေးစ်ရဲ့ဂျာစီရောင်းအား ၃၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ
ပီအက်စ်ဂျီတို့ အနိုင်ရရှိသွားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အဆုံးအဖြတ်ပင်နယ်တီကို လွဲချော်သွားပြီးနောက် မာဂယ်ဟေးစ်ရဲ့ဂျာစီရောင်းအား ၃၅၀ ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်လာခဲ့ပါတယ်။
အခုရှုံးနိမ့်မှုကြောင့် စိတ်ပျက်ခဲ့ရပေမဲ့လည်း အာဆင်နယ်ပရိသတ်တွေက ဒီဘရာဇီးနိုင်ငံသားခံစစ်မှူးအပေါ် အခိုင်အမာထောက်ခံအားပေးခဲ့ကြပြီး The Athletic သတင်းဌာနရဲ့အဆိုအရ ဒီသီတင်းပိတ်ရက်မှာ သူ့ရဲ့နာမည်ပါတဲ့အသင်းဂျာစီတွေ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအဆင့်မှာ သူ့ရဲ့ဂျာစီရောင်းအားက အသင်းရဲ့အခြားကစားသမားတွေထက် နှစ်ဆအထိ ပိုမိုများပြားခဲ့ပြီး ဒါက ကလပ်အသင်းပရိသတ်တွေရဲ့စည်းလုံးညီညွတ်မှုကို ပေါ်လွင်စေခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ကစားသမားက ပဉ္စမမြောက်ပင်နယ်တီကို သွားရောက်ကန်သွင်းခဲ့ပေမဲ့ ဂိုးဘားတန်းပေါ် ကျော်တက်သွားခဲ့လို့ ပီအက်စ်ဂျီအတွက် ဒုတိယမြောက်ဥရောပချန်ပီယံဆုဖလားရရှိဖို့ သေချာသွားခဲ့ပါတယ်။