The network connection is lost.

Banner Image

အာဆင်နယ်ကို အနိုင်ယူကာ ချန်ပီယံလိဂ်သရဖူကို ကာကွယ်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ၁-၁ အာဆင်နယ် (ပင်နယ်တီအဆုံးအဖြတ် ၄-၃ ဂိုး)

ဥရောပထိပ်တန်းကလပ်အသင်းနှစ်ခုရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအားပြိုင်မှုက နည်းဗျူဟာပိုင်းယှဉ်ပြိုင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ ပွဲကြီးပွဲကောင်းဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာပဲ အာဆင်နယ်အတွက် ကိုင်ဟားဗက်ဇ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး လက်ရှိချန်ပီယံတွေကို ဖိအားပေးလာခဲ့ပါတယ်။ နောက်ပိုင်းမှာ ပီအက်စ်ဂျီက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ပေမဲ့ မာကျောကျစ်လစ်လှတဲ့ဂန်းနားတွေရဲ့ခံစစ်ပိုင်းကို မထိုးဖောက်နိုင်ဘဲ ဒမ်ဘီလီရဲ့ဒုတိယပိုင်းပွဲချိန်ပယ်နယ်တီသွင်းဂိုးကြောင့်သာ အသက်ရှုချောင်သွားခဲ့ပါတယ်။ သာမန်ပွဲကစားချိန်အပြင် အချိန်ပိုမိနစ်တွေမှာပါ အနိုင်အရှုံးရလဒ်မပြတ်သားခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာတော့ အီဇီ၊ မာဂယ်လ်ဟေးစ်တို့ရဲ့ပယ်နယ်တီလွဲချော်မှုနဲ့အတူ လက်ရှိချန်ပီယံပီအက်ဂျီက စိန်ခေါ်သူအာဆင်နယ်ကို အနိုင်ယူကာ ဥရောပချန်ပီယံအဖြစ် နှစ်နှစ်ဆက်အောင်ပွဲခံနိုင်ခဲ့ပါတယ်။