The network connection is lost.

Banner Image

လီဗာပူးလ်ဂန္ထဝင်ရောဘတ်ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ အဆင့်မြင့်ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ တော့တင်ဟမ်

တော့တင်ဟမ်အသင်းက လီဗာပူးအသင်းနဲ့လမ်းခွဲလာတဲ့ နောက်ခံလူရောဘတ်ဆန်ကို ခေါ်ယူဖို့ သဘာတူညီမှုရရှိရန် နီးစပ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။

လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး ကလပ်အသင်းလက်မဲ့ဖြစ်လာမယ့် အသက် ၃၂ နှစ်အရွယ်ကစားသမားက ပရီးမီးယားလိဂ်မှာပဲဆက်ရှိနေဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

ရောဘတ်ဆန်က အန်ဖီးလ်မှာရှိနေချိန်ကာလအတွင်း ပြိုင်ပွဲစုံ ၃၇၈ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားတစ်ကြိမ်နဲ့ ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်အပါအဝင် အခြားဆုဖလားအောင်မြင်မှုများစွာကို ဆွတ်ခူးရရှိခဲ့ပါတယ်။

နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အခုအချိန်မှာ တော့တင်ဟမ်က ဒီစကော့တလန်လက်ရွေးစင်ကစားသမားနဲ့ အဆင့်မြင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အပြောင်းအရွှေ့ကိစ္စအတွက် တိုးတက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီဘယ်အစွန်နောက်ခံလူက ပြီးခဲ့တဲ့ဇန်နဝါရီလမှာလည်း တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းက သူ့ရဲ့ဦးဆောင်နိုင်မှုစွမ်းရည်ကို အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားတာကြောင့် အဲ့ဒီကာလအပြောင်းအရွှေ့ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ တော့တင်ဟမ်တင်မက အီတလီထိပ်သီးကလပ်ဂျူဗင်တပ်စ်လည်း ရောဘတ်ဆန်ကို ခေါ်ယူဖို့ ကြိုးပမ်းလာမှုကြောင့် နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ကစားသမားကိုယ်တိုင်ပဲ ချမှတ်သွားရပါမယ်။