The network connection is lost.

Banner Image

အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ရောက်သွားတဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာ ၄-၀ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)

ပထမအကျော့အဝေးကွင်းမှာ အရေးနိမ့်ထားတဲ့ အက်စတွန်ဗီလာက အခုဗီလာပတ်ခ်ကွင်းပွဲစဉ်မှာတော့ လိဂ်တူပြိုင်ဘက်နော်တင်ဟမ်ဖောရက်စ်ကို အပြတ်အသတ်အသာစီးရယူကစားပြီး ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်တွေမှာ အိမ်ရှင်တွေက ဝက်ကင်စ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်လို့ နှစ်ကျော့ပေါင်းရလဒ်အရ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ဘူအမ်ဒီယာ(ပင်နယ်တီ)၊ မက်ဂင်(၂ ဂိုး)တို့က အိမ်ရှင်တွေအတွက် အဖိုးတန်အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ကြပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အူနိုင်းအမ်မရီရဲ့အသင်းက မေ ၂၁ ရက်၊ အစ္စတန်ဘူလ်မှာ ဖရိုင်းဘတ်နဲ့ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။