ပတ်တာဆန်အတွက် ကမ်းလှမ်းမှုတွေ အများကြီးရောက်လာဖို့ ဆန်းဒါးလန်း မျှော်လင့်နေ
ဆန်းဒါးလန်းအသင်းက ပတ်တာဆန်အတွက် ဒီနွေရာသီမှာ ကမ်းလှမ်းမှုတွေ အများကြီးရောက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီဂိုးသမားက မီဝေါလ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ အခုရာသီအတွင်းမှာ ထူးထူးခြားခြားလက်စွမ်းပြသနေပါတယ်။
ChonicleLive ရဲ့ဖော်ပြချက်အရ မီဝေါလ်အသင်းက ပတ်တာဆန်ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးစားလာနိုင်ပေမဲ့ ပြိုင်ဘက်တွေနဲ့ အကြီးအကျယ် ယှဉ်ပြိုင်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဝက်စ်ဘရွန်းနဲ့ ဟားလ်စီးတီးတို့လည်း ပတ်တာဆန်ကို စိတ်ဝင်စားနေကြသလို ပရီးမီးယားလိဂ်ဆီတန်းတက်လာမယ့် ကိုဗင်ထရီကလည်း အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။
ဆန်းဒါးလန်းဘက်ကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် ပတ်တာဆန်ရဲ့တန်ဖိုးကို ပေါင် ၈ သန်းဝန်းကျင် ရှိမယ်လို့ သတ်မှတ်ထားပါတယ်။