The network connection is lost.

Banner Image

အခုချိန်မှာ ၃ မှတ်ရဖို့ကအရေးကြီးဆုံးပဲလို့ဆိုတဲ့ ဂိုးသွင်းရှင် ဟာလန်း

ဗုဒ္ဓဟူးနေ့ညက ဘန်လေအသင်းနဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းကတော့ "အရမ်းကို ပျော်ရွှင်မိတယ်" လို့ ဆိုပါတယ်။

ဒီပွဲမှာ ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဇယားရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

"ဟုတ်ပါတယ်၊ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမဲ့ အနိုင်ရခဲ့တဲ့အတွက် ပျော်ပါတယ်။ အနိုင်ရဖို့က အရေးကြီးဆုံးပါပဲ။ တခြားဘာကိုမှ မစဉ်းစားပါဘူး၊ အနိုင်ရဖို့ပဲ ကြိုးစားတာပါ" လို့ ပွဲအပြီးမှာ ဟာလန်းက ပြောခဲ့ပါတယ်။

"၁-၀ ဆိုတဲ့ရလဒ်က အံ့ဩဖို့ကောင်းပြီး ကျွန်တော် အရမ်းပျော်ပါတယ်။ အနိုင်ရပြီး ၃ မှတ် ရခဲ့တာရော၊ ဇယားထိပ်ကို ရောက်သွားတာရောကြောင့် တကယ်ကို ပျော်ရွှင်ရပါတယ်" လို့လည်း သူက ဆိုပါတယ်။

အဲဒီညကပွဲစဉ်မှာတော့ အမှတ်ရရှိဖို့ကသာ အရေးအကြီးဆုံးအရာဖြစ်တယ်လို့ ဟာလန်းက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

"ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနိုင်ရဖို့ကပဲ အဓိကပါ။ ကျွန်တော်တို့ရဲ့ ကစားဟန်အတိုင်း ကစားပြီး အနိုင်ရအောင်ပဲ ကြိုးစားရမှာပါ၊ အဲဒီလိုစိတ်ဓာတ်မျိုးပဲ ထားရှိရပါမယ်။ အခုတော့ စနေနေ့ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ဂိုးတွေအကြောင်း မစဉ်းစားပါဘူး၊ အနိုင်ရဖို့ပဲ စဉ်းစားပါတယ်" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။