The network connection is lost.

Banner Image

ကိုင်စီဒိုက ချဲလ်ဆီးအတွက် ခေါင်းဆောင်မှုအရည်အချင်းပြည့်၀သူတစ်ဦးဖြစ်တယ်လို့ ရိုဆင်နီယာ ပြောကြား

ကိုင်စီဒိုက မွေးရာပါ ခေါင်းဆောင်မှုအရည်အချင်းရှိသူတစ်ဦးဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ လီယမ် ရိုဆင်နီယာက အခိုင်အမာပြောကြားလိုက်ပါတယ်။

အီကွေဒေါကွင်းလယ်လူ ကိုင်စီဒိုဟာ ရိစ်ဂျိမ်းစ် မရှိချိန် အသင်းခေါင်းဆောင်တာဝန်ကို လွှဲပြောင်းရယူထားသူဖြစ်ပါတယ်။

ရိုဆင်နီယာက"ကိုင်စီဒိုက စံပြဖြစ်အောင် ဦးဆောင်နိုင်သူတစ်ယောက်ပါ။ သူက အသင်းမှာ ရေရှည်ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက်လည်း ကျွန်တော်တို့ အလွန်ဝမ်းသာပါတယ်

သူက သူ့ရဲ့သတ္တိရှိမှု၊ ဘောလုံးကိုင်တွယ်ပုံ၊ ပြိုင်ဘက်ကို ဖိအားပေးတာ၊ ဖျက်ထုတ်တာတွေအပြင် အသင်းအတွက် ပြေးလွှားကစားပြီး တိုက်ပွဲဝင်တဲ့နေရာမှာပါ စံပြဦးဆောင်သူတစ်ဦးဖြစ်ပါတယ်။ ဒါတွေဟာ အောင်မြင်မှုရဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ကိုင်စီဒိုဟာ ပြီးခဲ့တဲ့အပတ်ကပဲ ချဲလ်ဆီးအသင်းနဲ့ ၂၀၃၃ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့ပါတယ်။