The network connection is lost.

Banner Image

အဲလက်စ်စကော့ကို အမြဲတမ်းတိုးတက်နေသူလို့ ချီးကျူးခဲ့တဲ့ ဘုန်းမောက်နည်းပြအီရာအိုလာ

ဘုန်းမောက်အသင်းနည်းပြအီရာအိုလာက အဲလက်စ်စကော့ရဲ့လက်ရှိခြေစွမ်းအပေါ် အတော်လေးသဘောကျကျေနပ်နေပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ဒီကွင်းလယ်လူက အထင်ကြီးစရာခြေစွမ်းမျိုး ထပ်မံပြသခဲ့ပါတယ်။

"အဲလက်စ်စကော့ ကစားတာ အရမ်းကောင်းနေပါတယ်" လို့ အီရာအိုလာက ပြောပါတယ်။ "သူက ကွင်းလယ်ခံစစ် (နံပါတ် ၆ နေရာ)၊ ကွင်းလယ်ဗဟို (နံပါတ် ၈ နေရာ) နဲ့ ကွင်းလယ်တိုက်စစ် (နံပါတ် ၁၀ နေရာ) တွေမှာပါ ကစားပေးနေပါတယ်။ ဘောလုံးနဲ့အတူ ယုံကြည်မှုအပြည့်ရှိသလို တစ်ဦးချင်းယှဉ်ပြိုင်မှုတွေမှာလည်း ကြံ့ခိုင်မှုအားကောင်းပြီး ဘောလုံးကို ကောင်းကောင်းသယ်ယူနိုင်စွမ်း ရှိပါတယ်။

သူ့ရဲ့ကစားဟန်မှာ ရင့်ကျက်မှုလည်း အများကြီးပိုရှိလာသလို အသင်းဖော်တွေအပေါ်မှာလည်း လိုအပ်ချက်တွေကို တောင်းဆိုတိုက်တွန်းလာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး အသားကျလာချိန် ဒါက ကိုယ့်တာဝန်တစ်ခုတည်းတင် မဟုတ်တော့ဘဲ ပွဲအခြေအနေကိုပါ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ခံစားမိလာတာမျိုးပါပဲ။

သူက ဒါတွေကို သူ့ရဲ့ကစားကွက်ထဲမှာ ပေါင်းထည့်နိုင်ခဲ့လို့ ကျွန်တော် သူ့အတွက် တကယ်ပဲဝမ်းသာမိပါတယ်။ သူက တစ်ရာသီလုံးမှာ ခြေစွမ်းတည်ငြိမ်မှုအပြည့်ရှိခဲ့ပြီး သူ့လိုကစားသမားမျိုး အသင်းမှာ ရှိနေတာဟာ ကျွန်တော့်အတွက်တော့ တကယ့်ကိုဝမ်းသာစရာကောင်းပါတယ်" လို့ ဆိုခဲ့ပါတယ်။