ရီးရဲလ်မက်ဒရစ်ဆီ တိုနီခရူးစ် ပြန်လာမယ်လို့ သတင်းထွက်ပေါ်
တိုနီခရူးစ်က ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်လာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စပိန်အားကစားသတင်းဌာန AS ရဲ့ ဖော်ပြချက်အရ လာမယ့်ရာသီမှာ စပိန်ထိပ်သီးကလပ်ဆီ ပြန်လာဖို့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဘက်ကလည်း လာမယ့်နွေရာသီမှာ ခရူးစ်ကို အသင်းရဲ့ ဘောလုံးစီမံခန့်ခွဲမှုအပိုင်းမှာ တာဝန်တစ်ခုခု ပေးအပ်ချင်နေပါတယ်။
ဘယ်လိုရာထူးမျိုးပေးမလဲဆိုတာ တိတိကျကျ မသိရသေးပေမဲ့ ခရူးစ်ကို အသင်းရဲ့အတွင်းစည်းဆီ ပြန်ခေါ်ဖို့ ကလပ်အသင်းတာဝန်ရှိသူတွေ စိတ်ဆန္ဒပြင်းထန်နေပါတယ်။
တိုနီခရူးစ်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ၅ ကြိမ်အပါအဝင် ဆုဖလား ၂၂ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။