The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဒိုင်လူကြီး တီယာနေးကို ကူကူရယ်လာ ဝေဖန်

ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ မာ့ခ် ကူကူရယ်လာဟာ ဒိုင်လူကြီး ပေါလ် တီယာနေးကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

နယူးကာဆယ်နဲ့ ပွဲမတိုင်ခင် ချဲလ်ဆီးကစားသမားတွေ စုဝေးတိုင်ပင်နေတဲ့အချိန်မှာ တီယာနေးက ကစားသမားတွေရဲ့ အလယ်မှာ ဝင်ရပ်ပြီး အနှောင့်အယှက်ပေးခဲ့တာ ဖြစ်ပါတယ်။

ကစားသမားတွေ စည်းမျဉ်းမချိုးဖောက်မိအောင် တားဆီးဖို့ ကြိုးစားခဲ့တဲ့ တီယာနေးရဲ့ အဲဒီဆုံးဖြတ်ချက်အပေါ် ချဲလ်ဆီးနည်းပြ လီယမ် ရိုဆင်နီယာကလည်း ပွဲအပြီးမှာ ဝေဖန်ခဲ့ပါတယ်။

The Athletic နဲ့ အင်တာဗျူးမှာတော့ ကူကူရယ်လာက အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေးခံရတဲ့အခါ "ကျွန်တော် သိပ်ပြီးတော့ မပြောချင်ပါဘူး။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ လေးစားမှုမရှိတဲ့ လုပ်ရပ်ပါ" လို့ ဆိုပါတယ်။ "သူ့အနေနဲ့ ကျွန်တော်တို့ဆီ လာပြီးတော့ 'ကြည့်စမ်း၊ ဒီအကြောင်းပြချက်ကြောင့် မင်းတို့ ဒါမျိုးလုပ်လို့မရဘူး' လို့ လာပြောလို့ရပါတယ်။

ဒါပေမဲ့ အဲဒီလိုလုပ်မယ့်အစား သူက အလယ်မှာ လာရပ်နေခဲ့တာပါ" လို့ ကူကူရယ်လာက ပြောပါတယ်။ "အမှန်အတိုင်းပြောရရင် ဒီအကြောင်းကို ထပ်မပြောချင်တော့ပါဘူး။ ကျွန်တော် နားလည်းမလည်ဘူး။ သူက သူ့ကိုယ်သူ လူပေါ်အောင် (နာမည်ကြီးအောင်) လုပ်ချင်နေတာလို့ပဲ ကျွန်တော် ယုံကြည်ပါတယ်" လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။