The network connection is lost.

Banner Image

ပါတီဇန်ဘဲဂရိတ်တိုက်စစ်မှူး ကော့စတစ်ကို အေစီမီလန် ခေါ်ယူ

အေစီမီလန်အသင်းဟာ ပါတီဇန်ဘဲဂရိတ်အသင်းရဲ့ တိုက်စစ်မှူး အန်ဒရေးကော့စတစ်ကို ခေါ်ယူဖို့ အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မွန်တီနီဂရိုး လက်ရွေးစင်ကစားသမားဖြစ်တဲ့ ၎င်းဟာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကျမှ မီလန်အသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော့စတစ်ဟာ လာမယ့်ရာသီမှာ မီလန်အသင်းရဲ့ B အသင်းဖြစ်တဲ့ မီလန်ဖူကျူရို (Milan Futuro) မှာ အရင်ဆုံး စတင်ကစားရမှာဖြစ်ပြီး အဲဒီအသင်းဟာ စီးရီးစီ (Serie C) ပြိုင်ပွဲကို ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ရမှာပါ။

ဒီလူငယ်ကစားသမားလေးဟာ ဆားဘီးယား စူပါလီဂါပြိုင်ပွဲမှာ ၂၇ ပွဲ ကစားပေးထားပြီး ၁၀ ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်ပေးထားပါတယ်။

ကော့စတစ်ဟာ ပြောင်းရွှေ့ကြေး ယူရို ၃ သန်းအပြင် အပိုဆုကြေး (bonuses) တွေနဲ့အတူ မီလန်အသင်းဆီ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။