The network connection is lost.

Banner Image

ဘာစီလိုနာ ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ဂျူဗင်တပ်စ် စဉ်းစားနေ

ဘာစီလိုနာအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းက စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းက စာချုပ်သစ် ကမ်းလှမ်းထားတယ်လို့ မကြာသေးခင်က သတင်းတွေ ထွက်ခဲ့ပေမဲ့ သူဟာ ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပုံရပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ လီဝန်ဒေါစကီးကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် အလေးအနက် စဉ်းစားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူးရဲ့ မြင့်မားတဲ့ လုပ်ခလစာ တောင်းဆိုမှုတွေကို ပေးချေနိုင်ဖို့အတွက် အစီအစဉ်တစ်ခုကို ရေးဆွဲနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်နွေရာသီမှာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေပြီး အာကဒီယက် မီလစ်ခ်၊ ဂျိုနသန် ဒေးဗစ်နဲ့ လူးဝစ် အိုပင်ဒါတို့ဟာလည်း အသင်းကနေ ထွက်ခွာဖို့ များနေပါတယ်။