The network connection is lost.

Banner Image

ဝါဒါဘရီမင်ရဲ့ လူငယ်ကြယ်ပွင့် ကာရင် ကူလီဘလီကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်း အလေးအနက် ဆွေးနွေးနေ

ဝါဒါဘရီမင်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကာရင် ကူလီဘလီကို ခေါ်ယူနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းက အလေးအနက်ထား ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လတ်တလောမှာ ပရိသတ်တွေနဲ့ အသင်းသားတွေဆီက ဝေဖန်မှုတွေ ရှိနေပေမဲ့လည်း ချယ်လ်ဆီးကတော့ လူငယ်ကစားသမားတွေကို ဝယ်ယူစုဆောင်းတဲ့ သူတို့ရဲ့ မူဝါဒကိုပဲ ဆက်လက် လုပ်ဆောင်သွားမယ့်ပုံပေါ်ပါတယ်။

TEAMtalk ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ ဝါဒါဘရီမင်မှာ ခြေစွမ်းပြပြီး လူသိများလာတဲ့ ကူလီဘလီကို သူတို့ရဲ့ နောက်ဆုံး ပစ်မှတ်အဖြစ် သတ်မှတ်လိုက်တာပါ။ အသက် ၁၈ နှစ်အရွယ် ဒီကစားသမားဟာ ဘွန်ဒက်လီဂါမှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ ဘရီမင်အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲအထိ ပါဝင်ကစားပေးထားပြီး အားလုံး သဘောကျလောက်တဲ့ ခြေစွမ်းမျိုး ပြသထားနိုင်သူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျာမန်ကလပ် ဝါဒါဘရီမင်ဘက်က ဒီဗဟိုနောက်ခံလူအတွက် အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးမျိုး ရရှိဖို့ မျှော်လင့်နေပြီး ပရီမီယာလိဂ်က အက်စတွန်ဗီလာနဲ့ နယူးကာဆယ်အသင်းတို့ကလည်း သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။