The network connection is lost.

Banner Image

ဝါဒါဘရီမင်ကြယ်ပွင့် ကာရင်ကူလီဘလီကို ခေါ်ယူဖို့ မာဆေးလ်အသင်း စိတ်ဝင်စားနေ

မာဆေးလ်အသင်းဟာ ဝါဒါဘရီမင်အသင်းရဲ့ အလားအလာအလွန်ကောင်းတဲ့ လူငယ်ကြယ်ပွင့် ကာရင်ကူလီဘလီကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသင်းဥက္ကဋ္ဌ ပါပလိုလုံဂိုးရီးယား ထွက်ခွာသွားခဲ့ပေမဲ့လည်း မာဆေးလ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ အစီအစဉ်တွေအပေါ်မှာတော့ ထိခိုက်မှုရှိပုံမရပါဘူး။

 ဂျာမနီသတင်းစာ BILD ရဲ့ ဖော်ပြချက်အရ အသက် ၁၈ နှစ်အရွယ် ကူလီဘလီဟာ မာဆေးလ်အသင်းရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပြီး သူရဲ့ လက်ရှိကလပ် ဝါဒါဘရီမင်ကတော့ လက်ရှိမှာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ရုန်းကန်နေရပါတယ်။

ရုန်းကန်နေရတဲ့ ဘွန်ဒက်လီဂါကလပ် ဝါဒါဘရီမင်အသင်းမှာ ကူလီဘလီက ခြေစွမ်းအထူးပြသနေသူဖြစ်ပြီး အသင်းဘက်ကတော့ သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဝန်းကျင်အထိ တောင်းဆိုနိုင်ခြေ ရှိနေပါတယ်။

ဒါ့အပြင် PSG၊ ချယ်လ်ဆီး၊ နယူးကာဆယ်နဲ့ နာပိုလီတို့လို ဥရောပထိပ်သီးကလပ်တွေကလည်း သူ့ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။