The network connection is lost.

Banner Image

မိုဆာလက်ဆီ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်တဲ့ ဘိုင်ယန်မြူးနစ်

ဒီနွေရာသီမှာ လီဗာပူးအသင်းမှ ထွက်ခွာတော့မယ့် မိုဆာလက်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကို ဘိုင်ယန်မြူးနစ်အသင်းက ငြင်းဆန်လိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ်မိုဆာလက်က လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာ ကိုးနှစ်ကြာကစားခဲ့ပြီးနောက် အခုရာသီကုန်ဆုံးချိန် အသင်းမှ ထွက်ခွာမယ်လို့ မကြာခင်သေးခင်ကပဲ ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အီဂျစ်တောင်ပံကစားသမားကို ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီတို့လို ဥရောပထိပ်တန်းကလပ်တွေအပြင် အမေရိကန်နဲ့ ဆော်ဒီအာရေဗျပြည်တွင်းကလပ်အသင်းတွေနဲ့ပါ ချိတ်ဆက်ပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Winwin နဲ့ အင်တာဗျူးမှာ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ မက်စ်အီဘရယ်လ်က  မိုဆာလက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ပြီး "မဟုတ်ပါဘူး၊ ဘိုင်ယန်မြူးနစ်အသင်းဆီက ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ မိုဆာလက် မရရှိထားပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားအိုလီစီက မိုဆာလက်ရဲ့နေရာမှာ အစားထိုးဖို့ လီဗာပူးအသင်းနဲ့ သတင်းတွေအကြီးအကျယ်ထွက်နေပေမဲ့ ငွေကြေးဆိုင်ရာအခြေအနေတွေကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့တော့ ခဲယဉ်းနေပါတယ်။