The network connection is lost.

Banner Image

ဒီနွေရာသီမှာ အသင်းမှ ဂွါရဲရိုး ထွက်ခွာမယ်လို့ ဘိုင်ယန်မြူးနစ် အတည်ပြု

ဘိုင်ယန်မြူးနစ်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အသင်းရဲ့ဘယ်အစွန်နောက်ခံလူဂွါရဲရိုးနဲ့ လမ်းခွဲမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ကစားသမားက ၂၀၂၃ ခုနှစ်၊ နွေရာသီကာလမှာ ပြိုင်ဘက်ဒေါ့မွန်အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပြီး ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၈၉ ပွဲ ပါဝင်ကစားခဲ့ပေမဲ့ ပုံမှန်ပွဲထွက်ကစားသမားတစ်ဦးဆိုတာထက် လူစားဝင်ကစားသမားအဖြစ်သာ ကျင်လည်ခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာမက်စ်အီဘရယ်လ်ကတော့ ကွင်းတွင်းကွင်းပြင် ဂွါရဲရိုးရဲ့အသင်းအပေါ် ကူညီပေးခဲ့မှုတွေကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

အီဘရယ်လ်က "ကျွန်တော်တို့နဲ့အတူရှိခဲ့တဲ့အချိန်တွေအတွက် ဂွါရဲရိုးကို ကျေးဇူးတင်ပါတယ်။ သူက ကွင်းတွင်းမှာ အမြဲအားကိုးရတဲ့သလို သူ့လို စရိုက်လက္ခဏာမျိုးရှိတဲ့သူတွေက ဘယ်အသင်းရဲ့အဝတ်လဲခန်းမှာမဆို ရှိနေသင့်ပါတယ်" လို့ ဆိုပါတယ်။

"သူနဲ့ဆွေးနွေးမှုတွေကလည်း ယုံကြည်မှုနဲ့ နားလည်မှုအပေါ် အခြေခံပြီး အဆင်ပြေခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ နွေရာသီအထိ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေဆီ ရောက်ဖို့ပဲ အတူတူအာရုံစိုက်သွားဖို့ရှိပြီး အခုထက်ပိုမိုတဲ့ အောင်မြင်မှုတွေကို အတူတူ ရယူသွားချင်ပါတယ်" လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။