The network connection is lost.

Banner Image

ကန်ဆယ်လိုရဲ့ ပြောင်းရွှေ့ကြေးအတွက် ဘာစီလိုနာနဲ့ အယ်လ်ဟီလယ်တို့ အားပြိုင်နေကြ

ဂျာအို ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး အယ်လ်ဟီလယ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ အလိုကျ အလျော့ပေးသွားဖို့ အစီအစဉ်မရှိဘဲ တင်းခံထားပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဘာစီလိုနာဆီ အငှားနဲ့ လာရောက်ပူးပေါင်းခဲ့တဲ့ ခန်ဆယ်လိုရဲ့ စာချုပ်ထဲမှာ ယူရို ၁၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်နေတာပါ။

အာရပ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက အဲဒီပြောင်းရွှေ့ကြေးကို လျှော့ချဖို့ ညှိနှိုင်းချင်နေပေမဲ့ အယ်လ်ဟီလယ်ဘက်ကတော့ မူလသတ်မှတ်ထားတဲ့ ဈေးနှုန်းကို ပြောင်းလဲပေးဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

လာမယ့် မေလမှာ အသက် ၃၂ နှစ် ပြည့်တော့မယ့် ကန်ဆယ်လိုအတွက် အခုဈေးနှုန်းက များလွန်းတယ်လို့ ဘာစီလိုနာဘက်က ယူဆနေပါတယ်။ ဒါကြောင့် သူတို့ဟာ ဘာစီလိုနာမှာပဲ ဆက်နေချင်တဲ့ ကစားသမားရဲ့ ဆန္ဒကို အသုံးချပြီး အပြောင်းအရွှေ့ ညှိနှိုင်းမှုတွေမှာ အသာစီးရအောင် ဗျူဟာမြောက် ကြိုးစားသွားမှာပါ။

ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရောက်ရှိလာပြီးကတည်းက ကန်ဆယ်လိုဟာ ဘာစီလိုနာရဲ့ ပွဲထွက်လူစာရင်းမှာ အဓိကအားထားရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူဟာ အသင်းအတွက် ၁၂ ပွဲ ကစားပေးထားပြီး ၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားပါတယ်။