The network connection is lost.

Banner Image

ဝက်စ်ဟမ်းကိုအနိုင်ရရှိခဲ့တာက ကြီးမားတဲ့နိုင်ပွဲဖြစ်တယ်လို့ ဝက်ကင်းစ်ပြောကြား

တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီဝက်ကင်းစ်က ပျော်ရွှင်နေပါတယ်။

ဗီလာပတ်ခ်ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ အိုလီဝက်ကင်းစ်နဲ့ ဂျွန်မက်ဂင်းတို့က ဂိုးတွေသွင်းယူပေးခဲ့လို့ အသင်းဟာ ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် အဆင့် (၄) နေရာမှာရှိနေတဲ့ ဗီလာဟာ အဆင့် (၅) က အသင်းနဲ့ အမှတ်ကွာဟချက်ကို ၅ မှတ်အထိ ဖြတ်တောက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဇယားမှာ အခြေအနေကောင်းသွားခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူး အိုလီဝက်ကင်းစ်က ပွဲအပြီးမှာ "နိုင်ငံတကာပွဲစဉ်တွေအတွက် အနားမယူခင် နောက်ဆုံးကစားရတဲ့ပွဲ ဖြစ်တာကြောင့်ရော၊ ကျွန်တော်တို့အနီးအနားက အသင်းတွေ အမှတ်တွေ လျော့ခဲ့တာကြောင့်ရော ဒီနိုင်ပွဲဟာ ကျွန်တော်တို့အတွက် တကယ့်ကို ကြီးကျယ်တဲ့ အောင်ပွဲပါပဲ" လို့ ပြောပါတယ်။

ဒါ့အပြင် "ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိထားပြီး အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရရှိဖို့အတွက် အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာပါ" လို့လည်း ဆိုပါတယ်။

သူသွင်းယူခဲ့တဲ့ ဂိုးနဲ့ပတ်သက်ပြီးတော့လည်း "ဂိုးသွင်းဖို့ အခွင့်အရေးတွေ အများကြီးရခဲ့တာကြောင့် ဒီဂိုးက တကယ်ကို ကျေနပ်ဖို့ကောင်းပါတယ်။ ဘောလုံးက ကျွန်တော့်ဆီကို လှလှပပ ရောက်လာခဲ့ပြီး ဂိုးသမားပေါ်ကနေ ကျော်ပြီး ကောင်းကောင်းသွင်းယူနိုင်ခဲ့တာပါ" လို့ ဆက်ပြောပါတယ်။

"အရင်ပွဲတွေမှာ ခြေစွမ်းနည်းနည်း ကျနေခဲ့ပေမဲ့ အခုလို ပြန်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ဒါဟာ ဒီရာသီမှာ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ပွဲတွေထဲက တစ်ပွဲပါပဲ" လို့လည်း အိုလီဝက်ကင်းစ်က ပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတာနဲ့ ပတ်သက်ပြီးတော့လည်း "လူတိုင်းကတော့ ကိုယ့်နိုင်ငံအတွက် ကစားပေးချင်ကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ခြေစွမ်းက သိပ်မကောင်းနေတာကြောင့် ဒါကို ကြိုတင်မျှော်လင့်ထားပြီးသားပါ။ ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာ ကျွန်တော်သိပါတယ်။ အင်္ဂလန်အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခွင့်ရတိုင်းမှာလည်း ကျွန်တော် အမြဲတမ်း အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ခံစားရပါတယ်" လို့ ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။