The network connection is lost.

Banner Image

ပါမီးရက်စ်ကွင်းလယ်ကစားသမားအလန်ကို ခေါ်ယူဖို့ လီဗာပူးထက် ခြေတစ်လှမ်းသာနေတဲ့ နယူးကာဆယ်

ပါမီးရက်စ်လူငယ်ကြယ်ပွင့်အလန်ကို ပရီးမီးယားလိဂ်ကလပ်တွေက ခေါ်ယူချင်နေကြပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူကို လီဗာပူးနဲ့ နယူးကာဆယ်အသင်းတို့က စောင့်ကြည့်နေတယ်လို့ The Sun သတင်းဌာနမှ ဖော်ပြထားပါတယ်။

နယူးကာဆယ်အသင်းကတော့ နည်းပြဟိုဝီလက်အောက်မှာ ဘရာဇီးကစားသမားတွေဖြစ်တဲ့ ဘရူနိုဂူမာယေးစ်နဲ့ ဂျိုးလင်တန်တို့ အောင်မြင်နေတဲ့အချက်ကို အသုံးချပြီး အခွင့်အရေးရရှိဖို့ မျှော်လင့်နေပါတယ်။

နယူးကာဆယ်က အလန်အတွက် ပေါင် ၄၀ သန်းတန်ကမ်းလှမ်းမှုပြုလုပ်ဖို့ အသင့်ဖြစ်နေပါပြီ။

နာပိုလီအသင်းရဲ့ ပေါင် ၃၄ သန်းတန်ကမ်းလှမ်းမှုကိုတော့ ပါမီးရက်စ်က မကြာသေးခင်ကပဲ ပယ်ချခဲ့ပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အကြီးအကျယ်ဈေးပြိုင်ကမ်းလှမ်းမှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

အလန်နဲ့ ပါမီးရက်စ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၉ ခုနှစ်အထိ ရှိနေပါတယ်။