လီဗာပူးနဲ့ ဘရာဇီးအသင်းအတွက် ကစားပေးနို်ငဖို့မရှိတဲ့ အလီဆင်
လီဗာပူးဂိုးသမားအလီဆင်က ဒီနေ့ကစားမယ့် ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ဝါရင့်ဂိုးသမားကြီးက ဒီလထဲမှာကစားမယ့် ဘရာဇီးလက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာခြေစမ်းပွဲလူစာရင်းမှလည်း ထွက်ခွာသွားခဲ့ပါတယ်။
ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ လီဗာပူးအသင်းဘက်က အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေမဲ့ အလီဆင်ကို ရှေ့လာမယ့် ရက်သတ္တပတ်တွေအထိ အနာပေးထားရမယ်လို့ ကြေညာပါတယ်။
ဒါကြောင့် ဒီနေ့ပွဲစဉ်အတွက် လီဗာပူးအသင်းဂိုးပေါက်ကို မာမာဒါရှီဗီလီက အစားထိုးတာဝန်ယူသွားပါလိမ့်မယ်။
ဘရာဇီးနည်းပြအန်ဆယ်လော့တီကတော့ အလီဆင်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဟူဂိုဆူဆာကို ခေါ်ယူလိုက်ပါတယ်။ ဘရာဇီးအသင်းက လာမယ့် မတ် ၂၆ ရက်နဲ့ ဧပြီ ၁ ရက်၊ အမေရိကန်နိုင်ငံမှာ ပြင်သစ်၊ ခရိုအေးရှားတို့နဲ့ ခြေစမ်းပွဲကစားသွားဖို့ ရှိနေပါတယ်။