အန်ဖီးလ်ဂိုးပြတ်နိုင်ပွဲနဲ့အတူ ကွာတားဖိုင်နယ်တက်ရောက်လာတဲ့ လီဗာပူး
လီဗာပူး ၄-၀ ဂါလာတာစာရေး (ပွဲပြီးရလဒ်)
ပထမအကျော့၊ တူရကီမြေပွဲစဉ်မှာ အရေးနိမ့်ထားတဲ့ လီဗာပူးအတွက် မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်ခဲ့ပေမဲ့ ပထမပိုင်းပွဲချိန်အတွင်းမှာတော့ မိုဆာလက်ပင်နယ်တီအခွင့်အရေးလွဲချော်မှုနဲ့အတူ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ ဆိုဘိုဆလိုင်းရဲ့ဦးဆောင်ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းစတင်လာချိန်မှာတော့ အိမ်ရှင်တို့အတွက် လိုအပ်နေတဲ့သွင်းဂိုးတွေ ရရှိခဲ့ပြီး အီကီတီကီ၊ ဂရာဗန်ဘတ်ချ်နဲ့ မိုဆာလက်တို့က သွင်းယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ဖိအားတွေအောက်ရောက်ရှိနေတဲ့ အန်းစလော့ရဲ့အသင်းက ပြိုင်ဘက်ဂါလာတာစာရေးကို နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးဖြင့် ကျော်ဖြတ်ကာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားပါတယ်။