The network connection is lost.

Banner Image

နယူးကာဆယ်ဂိုးသမားဗလာချိုဒီမော့စ်ကို ဥရောပကလပ်ကြီးတွေ စိတ်ဝင်စားနေ

နယူးကာဆယ်ဂိုးသမားဗလာချိုဒီမော့စ်က ဥရောပတစ်လွှားရှိ ကလပ်အသင်းကြီးတွေရဲ့အာရုံစိုက်မှုကို အကြီးအကျယ်ရရှိနေပါတယ်။

ဗလာခိုဒီမော့စ်က အခုဘောလုံးရာသီမှာ ဆီဗီလာဆီ အငှားဖြင့်သွားရောက်ကစားနေသူ ဖြစ်ပါတယ်။

ဆီဗီလာအသင်းအားကစားဒါရိုက်တာအန်တိုနီယိုကော်ဒွန်က "သူ့ကို ကျွန်တော်တို့ ဆက်ထိန်းထားချင်ပါတယ်။ ဆက်ပြီးတော့တော့ စောင့်ကြည့်သွားရပါမယ်။ ဗလာချိုဒီမော့စ်ကတော့ ဒီမြို့မှာ အတော်လေး ပျော်ရွှင်နေပါတယ်။ ဒီမြို့က ဒီကလပ်အသင်းဆီရောက်လာတဲ့ ကစားသမားတိုင်းအတွက် အရေးပါတဲ့ အသိုက်အမြုံတစ်ခုပါ" လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

"ဒီနေရာမှ ထွက်ခွာချင်သူ မရှိပါဘူး။ သူကိုယ်တိုင်လည်း ဒီမှာဆက်နေဖို့ ဆန္ဒရှိနေတာ သေချာပါတယ်။ ဒါပေမဲ့ သူ့ရဲ့မိခင်ကလပ်(နယူးကာဆယ်)လည်း သူလက်စွမ်းပြနေတယ်ဆိုတာကို သိနေတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဥရောပကလပ်အသင်းကြီးတချို့လည်း သူ့ကို စိတ်ဝင်တစားရှိနေတယ်ဆိုတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်" လို့လည်း ၎င်းက ဆိုပါတယ်။

ဗလာချိုဒီမော့စ်နဲ့ နယူးကာဆယ်အကြား စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်အထိ ရှိနေပါတယ်။