နည်းပြအယ်လီဂရီနှင့် ဆက်ဆံရေးပြိုကွဲသွားတဲ့ လီယာအိုအတွက် ကမ်းလှမ်းမှုတွေ စောင့်မျှော်နေတဲ့ အေစီမီလန်
အေစီမီလန်အသင်းက နည်းပြဖြစ်သူအယ်လီဂရီနဲ့ ဆက်ဆံရေးသိသိသာသာပြိုကွဲနေတဲ့ တောင်ပံကစားသမားရာဖေးလ်လီယာအိုအတွက် ကမ်းလှမ်းမှုတွေကို လက်ခံပေးသွားဖို့ လက်ခံပေးသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
TMW ရဲ့ ဖော်ပြချက်အရ အသက် ၂၆ နှစ်အရွယ်ကစားသမားရဲ့နောက်ပိုင်းပွဲစဉ်စွမ်းဆောင်ရည်ပိုင်းအပေါ် နည်းပြအယ်လီဂရီကိုယ်တိုင် မကျေမနပ်ဖြစ်နေလို့ သူတို့နှစ်ဦးအကြား အကြီးအကျယ်အခြေအတင်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
အယ်လီဂရီက အခုဘောလုံးရာသီတလျှောက်လုံး လီယာအိုကို အကာအကွယ်ပေးခဲ့ပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ ကွင်းတွင်းခြေစွမ်းပိုင်းမှာရော၊ ကွင်းပြင်ပအပြုအမူပိုင်းမှာပါ မျှော်လင့်ထားသလို မတုံ့ပြန်နိုင်ခဲ့ဘူးလို့ ဒီသတင်းမှာပဲ ဆက်လက်ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ လီယာအိုက အေစီမီလန်အတွက် စီးရီးအေပွဲစဉ် ၂၂ ပွဲ ကစား၊ ကိုးဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုနှစ်ကြိမ်ဖြင့် အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။
ကစားသမားဘက်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မရှိလာဘူးဆိုရင် နည်းပြနဲ့ဆက်ဆံရေးက ကုစားလို့မရတဲ့(သို့မဟုတ်)နောက်ပြန်လှည့်လို့မရတဲ့ အနေအထားဆီ ရောက်ရှိနေပြီလို့လည်း သိရပါတယ်။