စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူးလို့ မန်စီးတီးကွင်းလယ်လူရိုဒရီ ပြောကြား
ဝက်စ်ဟမ်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး မန်စီးတီးကွင်းလယ်လူရိုဒရီက စိတ်အေးအေးထားကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီရလဒ်ကြောင့် မန်စီးတီးက အမှတ်ပေးဇယားထိပ်ရှိ အာဆင်နယ်ထက် တစ်ပွဲလျော့ကစားထားပေမယ့် နှစ်သင်းအကြား ကိုးမှတ်အထိ ကွာဟသွားခဲ့ပါတယ်။
"ကျွန်တော် စိတ်ပျက်မိပါတယ်၊ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော့်ရဲ့အသင်းဖော်တွေအတွက် ဂုဏ်ယူမိပါတယ်" လို့ ရိုဒရီက ပွဲအပြီးမှာ ပြောပါတယ်။
"ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါက ဒီရာသီအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်သွားခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုအဆင့်မျိုးမှာ အခုလောက်နဲ့တင် မလုံလောက်ပါဘူး။ ဂိုးရအောင် သွင်းနိုင်ဖို့ လိုအပ်ပြီး ဒါက ကျွန်တော်တို့လိုအပ်နေတဲ့အချက်လည်း ဖြစ်ပါတယ်"
"စိတ်ဓာတ်ကျနေဖို့ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ အခုအချိန်က စိတ်ဓာတ်တွေကို ပြန်လည်စုစည်းပြီး ရှေ့ဆက်ရမယ့်အချိန်ဖြစ်သလို ကျွန်တော်တို့မှာ တိုက်ပွဲဝင်စရာ၊ ကောင်းမွန်တဲ့အရာတွေလည်း ရှိနေပါသေးတယ်။ ဒါက ခက်ခဲကောင်း ခက်ခဲနိုင်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ကျွန်တော်တို့က အမြဲတမ်းအားကောင်းပါတယ်" လို့ ၎င်းက ဆိုပါတယ်။