The network connection is lost.

Banner Image

ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလတွေအပေါ် တုံ့ပြန်လိုက်တဲ့ ဖရန့်ဖတ် ခံစစ်မှူး ကောလင်း

ဘွန်ဒက်စ်လီဂါအခြေစိုက် ဖရန့်ဖတ် အသင်းရဲ့ ခံစစ်ကစားသမား နမ်ဒီ ကောလင်းကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောင်းရွှေ့မှု ကောလာဟလတွေ ထွက်ပေါ်နေပေမဲ့ အေးအေးဆေးဆေးပဲ ရှိနေပါတယ်။

သတင်းတွေအရ လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီး၊ နယူးကာဆယ်၊ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ် အစရှိတဲ့ အသင်းတွေက သူ့ကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ကောလင်းက ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်လိုက်ကာ အဲဒီအပေါ်မှာ စိတ်ရောကိုယ်ပါ သိပ်ပြီး အာရုံမထားဘူးလို့ ပြောဆိုလိုက်ပါတယ်။

"ဒီကိစ္စတွေအပေါ် ကျွန်တော် သိပ်ပြီး စိတ်ထဲမထားပါဘူး။ အခုထွက်နေတဲ့ ကောလာဟလတွေကို ကျွန်တော်ကိုယ်တိုင်လည်း အခုမှ စဖတ်ရတာဖြစ်လို့ တကယ်ကို အံ့သြမိပါတယ်။ ကျွန်တော်ကတော့ ဖရန့်ဖတ်မှာ ရှိနေရတာကိုပဲ အရမ်းပျော်ပါတယ်" လို့ Absolut Fussball ကို ပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ကစားသမားဟာ ဖရန့်ဖတ်အသင်းနဲ့ ၂၀၃၀ ပြည့်နှစ် နွေရာသီအထိ စာချုပ်သက်တမ်း ရှိနေသူလည်း ဖြစ်ပါတယ်။