The network connection is lost.

Banner Image

ယူနိုက်တက်တိုက်စစ်မှူး အိုဘီ စိုးရိမ်စရာကောင်းတဲ့ ဒဏ်ရာရရှိခဲ့

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ချီဒိုအိုဘီဟာ မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ယူ-၂၁ ပွဲစဉ်မှာ ပွဲစပြီး မကြာခင်မှာပဲ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။ အရှိန်နဲ့ ကန်လိုက်တဲ့ ဘောလုံးက ခေါင်းကို ပြင်းပြင်းထန်ထန် လာမှန်ခဲ့တာကြောင့် အိုဘီဟာ ပွဲကစားချိန် ၇ မိနစ်မှာတင် ခေါင်းဒဏ်ရာနဲ့ လူစားလဲခံခဲ့ရတာပါ။ ဒီလူငယ်ကစားသမားလေးဟာ ကွင်းထဲမှာတင် ယူနိုက်တက်ဆေးအဖွဲ့ရဲ့ ကုသမှုကို မိနစ်အနည်းငယ်ကြာ ခံယူခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ ဘေးကလူ အကူအညီမပါဘဲ ကိုယ်တိုင်လမ်းလျှောက်ပြီး ကွင်းပြင်ကို ထွက်နိုင်ခဲ့သလို အဝတ်လဲခန်းထဲ မဝင်ခင်မှာလည်း နည်းပြ အဒမ်လောရန့်စ်နဲ့ စကားပြောနိုင်ခဲ့တာကို တွေ့ရပါတယ်။ ယူနိုက်တက်အသင်းဘက်က ဒဏ်ရာအခြေအနေကို အတိအကျသိရဖို့အတွက် ဒီနေ့မှာ အိုဘီကို စကင်န်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယူ-၂၁ အသင်းဟာ ဆောက်သမ်တန်နဲ့ ပွဲမတိုင်ခင် လာမယ့် သောကြာနေ့ညနေမှာ ဘာမင်ဂမ်အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ တနင်္လာနေ့ညက ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းက ရှူမိုင်ရာမဟူကာနဲ့ လီယိုကာဒိုဆိုတို့ရဲ့ ဂိုးတွေနဲ့အတူ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။