The network connection is lost.

Banner Image

အိမ်ကွင်းမှာ ဘုန်းမောက်ကိုအရေးနိမ့်ခဲ့လို့ စိတ်ပျက်မိကြောင်း ပြောကြားလာတဲ့ မိုယက်စ်

အင်္ဂါနေ့ညက ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ရမှတ်တွေ လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်လို့ အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်က စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဗာတန်အသင်းအတွက် အီလီမန် အန်ဒီယေးက ပင်နယ်တီကနေတစ်ဆင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမဲ့ ဘုန်းမောက်အသင်းအတွက် ရိုင်ယန်နဲ့ အာမင်း အက်ဒလီတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်သွင်းယူခဲ့ပါတယ်။ ဧည့်သည်အသင်းရဲ့ ဂိုးတွေဟာ ဂျိတ်အိုဘရိုင်ယန် ထုတ်ပယ်မခံရခင်မှာတင် ဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

မိုယက်စ်က အဲဗာတန်တီဗွီကို "တကယ်တော့ ကျွန်တော့်မှာ ပြောစရာ သိပ်မရှိပါဘူး၊ တော်တော်လေးကို စိတ်ပျက်မိပါတယ်။"

"ဒါဟာ ကျွန်တော်တို့ အနိုင်ရသွားနိုင်တဲ့ ပွဲမျိုးပါ၊ နိုင်ဖို့လည်း အခြေအနေကောင်းခဲ့ပါတယ်။ တစ်ခါတလေမှာ ကစားပုံက နည်းနည်း ဝရုန်းသုန်းကား ဖြစ်ခဲ့ပေမဲ့ အလဟဿ ဂိုးနှစ်ဂိုး ပေးလိုက်ရတာကိုပဲ စိတ်ပျက်မိတာပါ။ ကျွန်တော်တို့ဘက်ကလည်း အပိုင်အခွင့်အရေး နှစ်ကြိမ်၊ သုံးကြိမ်လောက် လွဲချော်ခဲ့တာကြောင့် ကိုယ့်အမှားကိုယ်ပဲ ပြန်ပြင်ရမှာပါ" လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် "ဒုတိယပိုင်းအစမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဂိုးမသွင်းနိုင်ရင်တော့ ဒါတွေက စကားပြောကောင်းနေတာပဲ ရှိမှာပါ၊ အခုလည်း ကျွန်တော်တို့ ဂိုးတွေ လုံလောက်အောင် မသွင်းနိုင်သေးပါဘူး" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပွဲရှုံးခဲ့ပေမဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်လို့ မိုယက်စ်က "ကစားသမားတွေ ဒီမှာ အကောင်းဆုံး လုပ်ခဲ့ကြပါတယ်။ လိဂ်ပွဲတွေမှာ သူတို့ ရရှိခဲ့တဲ့ ရလဒ်တွေနဲ့ ပြသခဲ့တဲ့ ခြေစွမ်းတွေက တကယ်ကို ကောင်းမွန်ခဲ့တာကြောင့် သူတို့ရဲ့ စိတ်ဓာတ်ပိုင်းအပေါ် ဘာမှ အပြစ်ပြောစရာ မရှိပါဘူး" လို့ ဆိုခဲ့ပါတယ်။