The network connection is lost.

Banner Image

စပိန်ခံစစ်မှူးပါရီဒက်စ်ကို ယူရို သန်း ၄၀ ဖြင့်ခေါ်ယူရန် တော့တင်ဟမ်အသင်း ပြင်ဆင်နေ

ဘီလ်ဘာအိုအသင်းအဓိကနောက်ခံလူပါရီဒက်စ်ကို ခေါ်ယူရန်အတွက် တော့တင်ဟမ်အသင်းက အထူးစိတ်ဝင်စားနေကြောင်း သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်စပိန်ဗဟိုနောက်ခံလူပါရီဒက်စ်က လာလီဂါမှာခြေစွမ်းပြသနေသူဖြစ်ပြီး တော့တင်ဟမ်ရဲ့လာမယ့်နွေရာသီပစ်မှတ်အသစ် ဖြစ်လာပါတယ်။

အထူးသဖြင့် တော့တင်ဟမ်က ရာသီကုန်မှာ ရိုမဲရိုးလို အဓိကကစားသမားတွေကို လက်လွှတ်ရဖွယ်ရှိနေလို့ သူတို့ရဲ့နေရာတွေမှာ အကောင်းဆုံးအစားထိုးရန် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။
စပိန်နောက်ခံလူပါရီဒက်စ်က လာလီဂါမှာ သူ့ရဲ့အရည်အချင်းကို သက်သေပြထားပြီး ပရီးမီးယားလိဂ်ရဲ့ခက်ထန်တဲ့တောင်းဆိုမှုနဲ့ကိုက်ညီမယ့် ကစားဟန်၊ ကြံ့ခိုင်မှုနဲ့ နည်းစနစ်အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။Fichajes ရဲ့အဆိုအရ ပါရီဒက်စ်ရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို သန်း ၄၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ မြောက်လန်ဒန်ကလပ်ကတော့ ဒီပမာဏကိုပေးချေနိုင်မယ့် ဘဏ္ဍာရေးအင်အား ရှိနေတာကြောင့် အပြောင်းအရွှေ့ကို အမြန်ဆုံးအဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။