ယူနိုက်တက်မှာ ထူးခြားတဲ့အစုအဖွဲ့ရှိတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီလို့ အမ်ဘွေမိုပြောကြား
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုက မန်စီးတီးကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အိုးလ်ထရက်ဖို့ဒ်က ပရိသတ်တွေရဲ့ အားပေးမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ရဲ့ ယူနိုက်တက် နည်းပြအဖြစ် တကျော့ပြန်ပွဲဦးထွက်မှာ အမ်ဘွေမို နဲ့ ပက်ထရစ်ဒေါ်ဂူတို့က သွင်းဂိုးတွေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ဟာ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝမှာ အကြီးမားဆုံးနေ့လားလို့ မေးမြန်းတဲ့အခါ အမ်ဘွေမိုက “ဒါက အဲဒီလိုနေ့တွေထဲက တစ်နေ့လို့ ကျွန်တော် ထင်ပါတယ်။
ဒီမန်၊ ဒီဂိုးသွင်းလိုက်ရတဲ့ ပရိသတ်ရှေ့မှာ အခုလို ဂိုးသွင်းနိုင်တာက မယုံနိုင်စရာပဲဗျာ။ ဒန်ဘီပွဲကဆို ပိုတောင်များတယ်။ လီချာပြောသလိုပဲ ဒီနေ့ ကျွန်တော်တို့ ပရိသတ်တွေရဲ့ စွမ်းအင်ကို အသုံးချနိုင်ခဲ့ပါတယ်။ ဒီနေရာကြီးက ဒီနေ့ တကယ်ကို မယုံနိုင်စရာ ဖြစ်နေတာပါ” လို့ ဆိုပါတယ်။
ဆက်လက်ပြီး အမ်ဘွေမိုက“ကျွန်တော် အာဖရိကဖလားကနေ ပြန်လာကတည်းက အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်တို့မှာ အလွန်ကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း အတူတူတွဲနေကြတယ်။ ကျွန်တော်တို့မှာ အလွန်ကောင်းမွန်တဲ့ အထူးအဖွဲ့တစ်ခု ရှိနေတာကြောင့် ဒါက မယုံနိုင်စရာပါပဲ။
ဒါက အရာအားလုံးရဲ့ ပေါင်းစပ်မှုတစ်ခုပါပဲ။ ကျွန်တော်တို့မှာ သုံးရက်ပဲ ရှိခဲ့လို့ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးက အတူတူရှိပြီး အတူတူ ပန်းတိုင်တူတူနဲ့ အနိုင်ရချင်ကြတာမို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။