The network connection is lost.

Banner Image

ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ယူကာ သုံးပွဲဆက်နိုင်ပွဲရခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက် ၄ - ၂ ဘရိုက်တန် (ပွဲပြီးရလဒ်)

ယူနိုက်တက်အသင်းဟာ ခြေစွာနေတဲ့ ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ယူပြီး သုံးပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပွဲအစကတည်းက ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ကွန်ဟာ၊ ကတ်စ်မဲရိုးတို့ရဲ့ဂိုးတွေနဲ့အတူ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ဆက်စ်ကိုနဲ့ အမ်ဘွေမိုတိုက်စစ်အတွဲကနေ တတိယဂိုးထပ်ရခဲ့ပေမဲ့ တိုက်စစ်မှူးဟောင်း ဝဲလ်ဘတ်ရဲ့ဖရီးကစ်ဂိုးကြောင့် ဘရိုက်တန်ကို ချေပဂိုးတစ်ဂိုးပေးခဲ့ရပါတယ်။
ပွဲပြီးခါနီး တစ်ဖက်တစ်ဂိုးစီ ထပ်သွင်းခဲ့ကြတာကြောင့် ယူနိုက်တက် ၄-၂ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယား အဆင့်၄နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။