The network connection is lost.

Banner Image

ကာလရှည်နိုင်ပွဲပျောက်ဆုံးမှုကို နည်းပြသစ်ရှောင်ဒိုက်နဲ့အတူ ရပ်တန့်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်

နော်တင်ဟမ်ဖောရက်စ် ၂-၀ ပေါ်တို (ပွဲပြီးရလဒ်)

ဒီနေ့မနက်ပိုင်း၊ အင်္ဂလန်မြေမှာယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်း နည်းပြသစ်ရှောင်ဒိုက်နဲ့အတူ ပွဲထွက်လာတဲ့ နော်တင်ဟမ်ဖောရက်စ်က နာမည်ကြီးပေါ်တိုကို အနိုင်ယူကာ ကာလရှည်ပျောက်ဆုံးနေခဲ့တဲ့ အဖိုးတန်အောင်ပွဲကို ရှာဖွေသွားခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း အိမ်ရှင်တွေအတွက် အဖိုးတန်အနိုင်ဂိုးတွေကို ပထမပိုင်းပွဲချိန်မှာ ပယ်နယ်တီမှတဆင့် ကပ္ပတိန်ဂစ်ဝှိုက်စ်၊ ဒုတိယပိုင်းပွဲချိန်မှာ ပယ်နယ်တီမှတဆင့် အီဂေါဂျီးဆပ်စ်တို့က သွင်းယူပေးခဲ့ပါတယ်။ တဖက်မှာလည်း ဧည့်သည်ပေါ်တိုက ချေပဂိုးရရှိဖို့ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ကျစ်လစ်တဲ့ခံစစ်ပိုင်းကိုကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရလို့ ရည်မှန်းချက်ဆီ မရောက်ရှိခဲ့ပါဘူး။