The network connection is lost.

Banner Image

စပိန်မြေမှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ ဘက်တစ်နဲ့ နော်တင်ဟမ်ဖောရက်စ်

ဘက်တစ် ၂-၂ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)

စပိန်မြေမှာ ယှဉ်ပြိုင်ကစားကြတဲ့ အခုပွဲစဉ်အတွင်း နှစ်ဖက်အသင်းကစားသမားတွေရဲ့အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကိုတော့ အိမ်ရှင်တွေအတွက် ဘာကမ်ဘူက သွင်းယူပေးခဲ့ပြီး သိပ်မကြာခင်မှာပဲ အီဂေါဂျီးဆပ်စ်ရဲ့နှစ်ဂိုးဆက်တိုက်သွင်းယူမှုနဲ့အတူ ဧည့်သည်တို့ ပွဲစဉ်ကို ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ သွင်းဂိုးရရှိနိုင်ရေး တရစပ်ကြိုးစားလာတဲ့ ဘက်တစ်အတွက် ပွဲချိန်နှောင်းပိုင်းမှာ သရဲနီကြယ်ပွင့်ဟောင်းအန်တိုနီက အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။