The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်ကို ဂိုးပြတ်အနိုင်ယူကာ ဇယားထိပ်ကို ယာယီတက်လှမ်းသွားတဲ့ အာဆင်နယ်

အာဆင်နယ် ၃ - ၀ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ ယနေ့ညပွဲစဉ်မှာ ပွဲကိုအလုံးစုံထိန်းချုပ်ကစားကာ လိုအပ်နေတဲ့ ဂိုးပြတ်နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။
ယောကရက်စ် ဂိုးထပ်ရခဲ့သလို အီဇီ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာကလည်း အာဆင်နယ်အတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်ကတော့ နည်းပြသစ် ပိုစတီကိုဂလူရဲ့ ပထမဆုံးပွဲစဉ်မှာ ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။