The network connection is lost.

Banner Image

အချိန်ပိုသွင်းဂိုးတွေနဲ့ ဘင်ဖီကာကို အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတဲ့ ချဲလ်ဆီး

ဘင်ဖီကာ ၁ - ၄ ချဲလ်ဆီး (အချိန်ပိုရလဒ်)

ချဲလ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ရီစီဂျိမ်းစ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး လေးမိနစ်အလိုကျမှ ရာသီဥတုအခြေအနေအရ ပွဲကို အချိန်အတန်ကြာ ရပ်နားခဲ့ရပါတယ်။
၂နာရီကျော်ကြာရပ်နားခဲ့ပြီးနောက် လက်ကျန်မိနစ်ကို ဆက်ကစားရာမှာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဒီမာရီယာရဲ့ပင်နယ်တီဂိုးကြောင့် ဘင်ဖီကာတို့ ချေပဂိုးရခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေဖြစ်သွားတာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။
အချိန်ပို မိနစ် ၃၀အတွင်းမှာတော့ ချဲလ်ဆီးက အန်ကွန်ကူ၊ နက်တို၊ ဒူးစ်ဘူရီဟောတို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ်အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။