
နေမာ၊ ဗင်နီစီးယက်စ်နဲ့ ရိုဒရီဂိုတို့ကို ဘရာဇီးလူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ အန်ဆယ်လော့တီ
ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီဟာ လာမယ့်စက်တင်ဘာလအတွင်း ယှဉ်ပြိုင်သွားရမယ့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် အသင်းရဲ့လူစာရင်းကို ရွေးချယ်ခဲ့ရာ အဆိုပါ လူစာရင်းထဲမှာ နေမာ၊ ဗင်နီစီးယက်စ်နဲ့ ရိုဒရီဂိုတို့ကို ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။
အန်ဆယ်လော့တီဟာ ကစားသမား ၂၃ ဦးပါ ဘရာဇီးလူစာရင်းကို ရွေးချယ်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ချီလီ၊ ဘိုလီဗီးယားတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဘရာဇီးဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ ချီလီကို ရီယိုဒီဂျနေရိုးမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ၅ ရက်အကြာမှာတော့ ဘိုလီဗီးယားကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။
လက်ရှိအချိန်မှာ အန်ဆယ်လော့တီရဲ့အသင်းဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုရဲ့ တတိယနေရာမှာရပ်တည်နေပြီး ရမှတ် ၂၅ မှတ်စုဆောင်းထားနိုင်တာကြောင့် ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်ပါတယ်။ အီတလီသားနည်းပြဟာ ဘရာဇီးအသင်းရဲ့ကစားသမားတွေအကြောင်းကို ကောင်းကောင်းမသိသေးတာကြောင့် အခုလို ရွေးချယ်မှုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
နေမာကတော့ မကြာသေးမီကရရှိခဲ့တဲ့ ခြေထောက်ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပေမယ့် ဗင်နီစီးယက်စ်နဲ့ ရိုဒရီဂိုတို့ဟာ ရီးရဲလ်မက်ဒရစ်မှာ အန်ဆယ်လော့တီနဲ့ ကာလရှည် လက်တွဲခဲ့ဖူးပြီး အပြန်အလှန်နားလည်မှု ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်တာကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ဗင်နီစီးယက်စ်ဟာ အဝါကတ်ပြစ်ဒဏ်ကြောင့် တစ်ပွဲပယ်ခံသွားရမှာဖြစ်လို့ လူစာရင်းမှာပါဝင်လာပါကလည်း ချီလီနဲ့ပွဲမှာ ဝင်ရောက်ကစားခွင့်ရမှာမဟုတ်ပါဘူး။ နေမာကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ဘရာဇီးလက်ရွေးစင်အသင်းနဲ့ဝေးကွာနေခဲ့တာဖြစ်ပြီး အခုချိန်အထိ ပြန်လည်ရွေးချယ်ခွင့်မရသေးပါဘူး။
လက်ရှိဘရာဇီးရဲ့လူစာရင်းထဲမှာ ထူးထူးခြားခြားအနေနဲ့ အသင်းမှာ ၁ နှစ်ကျော်ကြာ ပါဝင်ခွင့်မရခဲ့တဲ့ လူးကပ်စ်ပါကွီတာတစ်ယောက် ပြန်လည်ရွေးချယ်ခံထားရတာကို မြင်တွေ့ထားရပါတယ်။ ဝက်စ်ဟမ်းကွင်းလယ်လူဟာ လောင်းကစားပြုလုပ်ခဲ့တဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံခဲ့ရပြီး ဘောလုံးကစားခွင့်မှာ ကာလရှည်ပိတ်ပင်ခံခဲ့ရသူလည်းဖြစ်ပါတယ်။