The network connection is lost.

Banner Image

လူငယ်ကြယ်ပွင့်အန်ဂူမိုဟာရဲ့ဂိုးနဲ့ စိန့်ဂျိမ်းစ်ပတ်ခ်မှာ အဖိုးတန်သုံးမှတ်အပြည့်ရယူနိုင်ခဲ့တဲ့ လီဗာပူး

နယူးကာဆယ် ၂-၃ လီဗာပူး (ပွဲပြီးရလဒ်)

အီဆက်ခ်ရဲ့အပြောင်းအရွှေ့လှုပ်ခတ်မှုတွေကြားမှာပဲ စိန့်ဂျိမ်းစ်ပတ်ခ်မှာကစားတဲ့ အခုပွဲစဉ်အတွင်း အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ဖျော်ဖြေမှုရသအပြည့် ပေးစွမ်းခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း လီဗာပူးက ဂရာဗန်ဘတ်ချ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို ဂေါ်ဒွန်ပါ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်နဲ့ထုတ်ပယ်ခံရလို့ ကစားသမားတစ်ဦး အသာစီးရရှိခဲ့ပြီး ဒုတိယပိုင်းစတင်လာချိန်မှာပဲ အီကီတီကီရဲ့နောက်ထပ်ဦးဆောင်ဂိုးနဲ့အတူ နှစ်ဂိုးအသာစီးရရှိခဲ့ပါတယ်။ ဒါပေမဲ့ နယူးကာဆယ်ကလည်း အနိုင်မခံ၊ အရှုံးမပေးစိတ်ဓါတ်နဲ့ တုံ့ပြန်လာခဲ့ပြီး ဂွီမာယေးစ်၊ အိုဆူလာတို့ရဲ့ဂိုးတွေနဲ့ ပြိုင်ဘက်ရဲ့ဦးဆောင်မှုကို ချေဖျက်ခဲ့ပါတယ်။ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာတော့ လီဗာပူးနည်းပြအန်းစလော့ရဲ့မှန်ကန်တဲ့လူစားလဲလှယ်မှုနဲ့အတူ လူစားဝင်ကစားသမားအန်ဂူမိုဟာက ဧည့်သည်တွေအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။ တဖက်မှာလည်း လာမယ့်သီတင်းပတ်၊ အမှတ်ပေးချန်ပီယံဆုပြိုင်ဘက်အာဆင်နယ်နဲ့ပွဲစဉ်မတိုင်ခင် နောက်ဆုံးသုံးပွဲဆက်၊ တစ်ပွဲနှစ်ဂိုးနှုန်းပေးထားရတဲ့ လီဗာပူးခံစစ်ပိုင်းအတွက် စိုးရိမ်ရေမှတ်ဆီ ရောက်ရှိလာခဲ့ပါပြီ။