The network connection is lost.

Banner Image

အီတီဟတ်မှာ မန်စီးတီးကို သက်သောင့်သက်သာ အနိုင်ယူပြသွားတဲ့ တော့တင်ဟမ်

မန်စီးတီး ၀ - ၂ တော့တင်ဟမ် (ပွဲပြီးရလဒ်)

တော့တင်ဟမ်ဟာ အစဉ်အလာအရ မန်စီးတီးကို အမြဲဒုက္ခပေးခဲ့သလို ယနေ့ညမှာလည်း အီတီဟတ်ကွင်းမှာ ကစားရတယ်ဆိုပေမဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ နှစ်ဂိုးပြတ် အနိုင်ယူပြသွားခဲ့ပါတယ်။
မန်စီးတီးကတော့ ၀ုဗ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်ကစားသမားတွေကို အနားပေးခဲ့တဲ့ ဂွါဒီယိုလာရဲ့ဆုံးဖြတ်ချက်အပြင် ဂိုးသမား ထရက်ဖို့ဒ်ရဲ့ အမှားတွေကြောင့် ပွဲစဉ် ၂မှာတင် ရှုံးပွဲကြုံခဲ့ရပါတယ်။
တော့တင်ဟမ်နည်းပြ သောမက်စ်ဖရန့်ခ်ကတော့ ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိသေးချိန်မှတောင် အသင်းကို အကောင်းဆုံး ထမ်းတင်ပေးထားနိုင်ခဲ့တာကို တွေ့ရပါတယ်။